မောင်တောနဲ့ ဘူးသီးတောင်ရှိ တိုင်းရင်းသားနဲ့ ၀န်ထမ်းများ လုံခြုံရာ ပြောင်းရွှေ့ထား

0
315

မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်အတွင်းက ရာနဲ့ချီတဲ့ ရခိုင်တိုင်းရင်းသားတွေနဲ့ ၀န်ထမ်းတွေဟာ အိုးအိမ်တွေကို စွန့်လွှတ်ပြီး လုံခြုံရေးစိတ်ချရတဲ့ နေရာကို ပြောင်းရွှေ့နေကြပါတယ်။

မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲမြို့ရှိ ထွေအုပ် ဝန်ထမ်း ၁၁ ဦး နဲ့ မိသားစုဝင် ၅ ဦး ၊ နလတ ဝန်ထမ်း ၁ ဦး နဲ့ မိသားစုဝင် ၇ ဦး၊ လမ်းဦးစီး ဝန်ထမ်း ၂ ဦး တို့ကို နယ်ခြားစောင့် ရဲတပ်ရင်း နယ်မြေ ၁ ရဲစခန်းကို ပြောင်းရွှေ့ထားပြိး၊၊ မြင်းလွတ်မြို့ရှိ ထွေအုပ်ဝန်ထမ်း ၁၇ ဦးကို မောင်တော မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးရုံး နဲ့ ပညာရေးဝန်ထမ်း ၁၂ ဦးကို နယ်ခြား စောင့်ရဲ မောရဝတီစခန်းကို ပြောင်းရွှေ့ပေးခဲ့ရပါတယ်။

ဒါ့အပြင် မောင်တောမြို့နယ်၊ ခမောင်းဆိပ်မြို့ရှိ ထွေအုပ်ဝန်ထမ်း ၆ ဦး၊ ပညာရေးဝန်ထမ်း ၁၀ ဦး တို့ဟာ မင်းခမောင်း တိုင်းရင်းသားကျေးရွာကို သွားရောက်ပူးပေါင်းနေထိုင်လျက်ရှိပြီး အဲ့ဒီ ဝန်ထမ်း ၁၆ ဦး ကို လုံခြုံရေးရှိတဲ့နေရာကို ပြောင်းရွှေ့ ကယ်ထုတ်နိုင်ရေး လုပ်ဆောင်နေတယ်လို့လည်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးရဲ့ ဖေ့စ်ဘွတ်မှာ ရေးသား ဖော်ပြပါတယ်။

မောင်တောမြို့နယ်အတွင်းရှိ နံ့သာတောင် ပရဟိတကျောင်းက ကလေးများ၊ အမျိုးသမီးများ၊ ရွာသား များ စုစုပေါင်း ၄၀၀ ကျော်ကိုလည်း ဘေးကင်းလုံခြုံတဲ့ တောင်ပြို အထက်တန်းကျောင်းမှာ ပြောင်းရွှေ့နေရာချထားရတယ်။
မောင်တောမြို့ အလိုတော်ပြည့်ကျောင်းတိုက်မှာလည်း အမျိုးသား ၁၆၂ ယောက် အမျိုးသမီး ၁၈၁ ယောက် စုစုပေါင်း ၃၄၃ ယောက် ခိုလှုံလျက်ရှိတယ်။

ဘူးသီးတောင်မြို့ သာသနာ့ဗိမာန်ကြီးမှာ အောင်ဗလကျေးရွာက ရွာသူရွာသား ၁၅၀ ဦး ခေတ္တရောက်ရှိနေထိုင်လျက်ရှိပြီး တောင်ဘဇာကျေးရွာ နဲ့ ပီရွက်ကျေးရွာက ရွာသူ/သားများ ဌာနဆိုင်ရာ များအား ၅၅၂ တပ်ရင်းသို့ ပြောင်းရွှေ့တာ အန္တရာယ်ကင်းစွာ ရောက်ရှိသွားပြီဖြစ်တယ်။

တပ်မတော်နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ဟာ မောင်တောဒေသအတွင်းရှိ ကျေးရွာများက အပြစ်မဲ့ ပြည်သူများအား ဘေးကင်းလုံခြုံတဲ့ နေရာများသို့ ဆက်လက်ပြောင်းရွှေ့ပေးလျက်ရှိပြီး နယ်မြေစိုးမိုးနိုင်ရေး ရှင်းလင်းဆောင်ရွက်နေတယ်လို့ လူမှုဝန်ထမ်းဝန်ကြီး သြဂုတ် ၂၅ရက် အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
(USA)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)