
0
162




ညောင်ချောင်း နယ်ခြားစောင့်ရဲကင်းစခန်းကို AA ဝင်တိုက်

ရခိုင်ပြည်နယ်၊ မြောက်ပိုင်းဒေသ ဘူးသီးတောင်မြို့နယ် အတွင်းက ညောင်ချောင်း နယ်ခြားစောင့်ရဲကင်းစခန်း ကို ဒီကနေ့ မနက်ပိုင်းက AA လက်နက်ကိုင်အဖွဲ့ ဝင်ရောက်တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

ဘင်္ဂါလီအကြမ်းဖက်သမားတွေကို ကာကွယ်ပေးနေတဲ့ ညောင်ချောင်းနယ်ခြားစောင့်ရဲကင်းစခန်းကို ရဲ့ တောင်ဘက် ကာဒီရွာဘက်ကနေ ဝင်တိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်ခံခဲ့ရတဲ့အတွက် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရရှိခဲ့တာဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောဆို ထားပါတယ်။

ဖြစ်စဉ်မှာ မနက်ပိုင်း ၄ နာရီခန့်အချိန်မှာ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး လုံခြုံရေး ရဲတပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရရှိခဲ့တဲ့ အပြင် AA လက်နက်ကိုင်အဖွဲ့ ဘက်ကလည်း ကျဆုံးမှုတွေ ရှိခဲ့ကြောင်း တပ်မတော်က ပြောဆိုထားပါတယ်။

https://www.mcntv.biz/wp-content/uploads/2020/08/Gads12-09.jpg (Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)