မေလအတွင်း လျှပ်စစ်ဓာတ်အား သုံးစွဲမှု ယူနစ် ၁၅၀ အထိ အခမဲ့သုံးစွဲခွင့်ပေး

0
221

အခု မေလအတွင်း အိမ်သုံးမီတာအမျိုးအစား လျှပ်စစ်ဓာတ်အား သုံးစွဲမှုအတွက် ယူနစ် ၁၅၀ အထိ သုံးစွဲမှု ကင်းလွတ်ခွင့် ပြုသွားမယ်လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက မေလ ၂၅ ရက် ညမှာ သတင်း ထုတ်ပြန်ထားပါတယ်။

အရင်က မေလ ၁ ရက်နေ့ကနေ ၁၅ ရက်အထိကို လျှပ်စစ်ဓာတ်အား သုံးစွဲမှု ၇၅ ယူနစ်အထိ အခမဲ့ ကင်းလွတ်ခွင့် ပေးထားပေမယ့်လည်း COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ဖို့အတွက် မေလ ၃၁ ရက်နေ့အထိ တိုးမြှင့်ခဲ့တာကြောင့် မေလ ၁၆ ရက်ကနေ မေလ ၃၁ ရက်နေ့အထိ လျှပ်စစ်ဓာတ်အား သုံးစွဲခ ၇၅ ယူနစ်အထိ ထပ်မံကင်းလွတ်ခွင့် ပေးခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒါကြောင့် မေလအတွင်း လျှပ်စစ်ဓာတ်အားခ သုံးစွဲမှု ယူနစ် ၁၅၀ အထိ ဓာတ်အားခ ကျသင့်ငွေ ငွေကျပ် ၁၁၅၅၀ ကင်းလွတ်ခွင့် ရရှိမှာဖြစ်ပါတယ်။

ဧပြီလအတွင်းကလည်း လျှပ်စစ်ဓာတ်အားသုံးစွဲမှုအတွက် ၁၅၀ ယူနစ်အထိ ဓာတ်အားခ ကျသင့်ငွေ ကျပ် ၁၁၅၅၀ ကို ကင်းလွတ်ခွင့် ပေးထားခဲ့တာ ဖြစ်ပါတယ်။

___________________

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)