အိန္ဒိယ-မြန်မာ အဆင့်မြင့်ကိုယ်စားလှယ်တွေ အပြန်အလှန် သွားရောက်မယ်

0
309

အိန္ဒိယ-မြန်မာ အဆင့်မြင့်ကိုယ်စားလှယ်တွေ အပြန်အလှန် သွားရောက်ရေးကိစ္စရပ်တွေကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အိန္ဒိယသမ္မတနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန နိုင်ငံခြားရေးအတွင်းဝန်တို့ ဆွေးနွေးခဲ့ကြပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အိန္ဒိယသမ္မတနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန နိုင်ငံခြားရေးအတွင်းဝန် Dr. S. Jaishankar ကို မေလ ၂၆ ရက်နေ့ မနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ လက်ခံတွေ့ဆုံစဉ် အဲ့ဒီလိုဆွေးနွေးခဲ့တာပါ။

ဒါအပြင် စွမ်းအင်ကဏ္ဍ၊ အခြေခံအဆောက်အအုံ၊ ယဉ်ကျေးမှု၊ ကုန်သွယ်ရေး၊ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ကိစ္စရပ်တွေကို လည်း ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)