အိန္ဒိယက မြန်မာကို  ဒီဇယ်သုံးခေတ်မီ မီးရထားစက်ခေါင်း ၁၈ ခုတင်ပို့မယ်

0
347

အိန္ဒိယ မီးရထားလုပ်ငန်းကနေ မြန်မာနိုင်ငံကို ခေတ်မီ ဒီဇယ်သုံး မီးရထားစက်ခေါင်းတွဲ ၁၈ စင်းကို  မကြာခင် တင်ပို့သွားဖို့ရှိနေပါတယ်။

အဲ့ဒီ ဒီဇယ်သုံးမီးရထား စက်ခေါင်းတွေကို ဗာရာဏာသီမြို့က မီးရထားစက်ခေါင်း စက်ရုံကနေ ထုတ်လုပ်ထားတာ ဖြစ်ပြီး လာမယ့်လမှာ သင်္ဘောနဲ့ စက်ခေါင်း ၆ စင်းကို ကနဦး တင်ပို့သွားဖို့ ရှိနေတာပါ။

ကျန်တဲ့ စက်ခေါင်း ၁၂ စင်းကိုတော့ လာမယ့် ဒီဇင်ဘာလမှာ ထပ်မံတင်ပို့သွားမယ်လို့  အိန္ဒိယ မီးရထား ဌာနရဲ့ အကြီးတန်း တာဝန်ရှိသူတစ်ဦး ကပြောပါတယ်။

အိန္ဒိယမီးရထားလုပ်ငန်းကနေ ပြီးခဲ့တဲ့ ၁၈ နှစ်အတွင်း မြန်မာနိုင်ငံကို မီးရထား စက်ခေါင်းအမျိုးမျိုး၊ မီးရထားသုံးစက်တွေ အပြင် ဒီဇယ်သုံးမီးရထား စက်ခေါင်း ၆၀ ကျော်တင်ပို့ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)