နစ်မြှုပ်သွားတဲ့ မြန်မာ သင်္ဘောက သင်္ဘောသား ၁၅ ဦးကို ထိုင်းငါးဖမ်းလှေ ကယ်ဆယ်

0
370

နစ်မြှုပ်သွားတဲ့ မြန်မာသင်္ဘောက သင်္ဘောသား ၁၅ ဦးကို မေလ ၂၄ ရက်နေ့မှာ ဖူးခက် ငါးဖမ်းလှေတစ်စင်းက ကယ်ဆယ်လိုက်ပါတယ်။

မြန်မာသင်္ဘောဟာ မလေးရှားနိုင်ငံ ပီနန်ကနေ မြိတ်ကို ကုန်တွေ တင်ဆောင်ပြီး မေလ ၁၈ ရက်နေ့က ထွက်ခွာလာစဉ် ရာချာနွိုင် ကျွန်း အနီးမှာ မုန်တိုင်းမိပြီး လှိုင်းကြီးတာ ကြုံကာ နစ်မြှုပ်တာ ဖြစ်ပါတယ်။

သင်္ဘောနာမည်က အောင်စိန်မြတ် ဖြစ်ပြီး စားသောက်ကုန်တွေ၊ စားအုန်းဆီနဲ့ ဘိလပ်မြေ စတဲ့ ကုန်ပစ္စည်းအစုံ တင်ဆောင် လာပါတယ်။ လှိုင်းကြီးတာကြောင့် အင်ဂျင်ထိခိုက်သွားတဲ့အတွက် ကပ္ပတိန်က သင်္ဘောကို စွန့်ခွာဖို့ အမိန့်ပေးပြီး အသက်ကယ်လှေနဲ့ ထွက်ခွာခဲ့တာ ဖြစ်တယ်လို့ ဖူးခက် ရေကြောင်းရဲမှူး နတ်တာပွန် ဖရူခါရာသီခွန်က ပြောပါတယ်။

သင်္ဘောသားတွေကို အော် အာရွန်ဆမုတာ ၅ ထိုင်း ငါးဖမ်းသင်္ဘောက တွေ့ရှိပြီး ကယ်တင်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာ သင်္ဘောသားတွေကို ဖူးခက် လူမှု ဖွံ့ဖြိုးရေးနှင့် လုံခြုံရေး ရုံးမှာ စောင့်ရှောက်ထားပြီး မြန်မာပြည်ကို ပြန်ဖို့အတွက် ကုမ္ပဏီက စီစဉ်ပေးမှာကို စောင့်ဆိုင်းနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)