ချင်းဒုက္ခသည် ၃၀၀ ကျော်ကို အိန္ဒိယက မြန်မာပြည်ဘက် ပြန်ပို့

0
264

ရက္ခိုင့် တပ်မတော် (AA) ကြောင့် ထွက်ပြေးလာတဲ့ ချင်းဒုက္ခသည် ၃၃၈ ယောက်ကို အိန္ဒိယနိုင်ငံ မီဇိုရမ်ကနေ မြန်မာပြည်ဘက်ကို ပြန်လည် ပို့ဆောင်လိုက်ပါတယ်။

ဒေသဆိုင်ရာ အစိုးရ အကူအညီနဲ့ အာသံ ရိုင်ဖယ်တပ်က မေလ ၂၄ ရက်နေ့မှာ မီဇိုရမ်ပြည်နယ် ဆိုင်ဟာကနေ မြန်မာပြည်ဘက်ကို ပြန်လည် ပို့ဆောင်ပေးတာ ဖြစ်ပါတယ်။

ရက္ခိုင့် တပ်မတော် (AA) က ရာလေရွာထဲကိုဝင်ပြီး အမျိုးသား တချို့ကို ဖမ်းဆီးမှုကြောင့် အမျိုးသမီးနဲ့ ကလေးငယ် အများစု ပါဝင်တဲ့ မြန်မာနိုင်ငံသားတွေဟာ မေလ ၁၉ ရက်နေ့က နယ်စပ်ကို ဖြတ်ပြီး မီဇိုရမ်မှာ ခိုလှုံကြတာ ဖြစ်ပါတယ်။

AA ဟာ ရာလေရွာက ထွက်ခွာသွားပြီ ဖြစ်တဲ့အတွက် ခိုလှုံလာသူတွေကို ပြန်ပို့ပေးတာ ဖြစ်တယ်လို့ အာသံ ရိုင်ဖယ်တပ်က ဒုဗိုလ်မှူးကြီး ဆူနိ နယူတန်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)