စိုက်ပျိုးစရိတ်ချေးငွေ ကျပ်ငွေသန်းပေါင်း ၆၀၀ နီးပါး ပြန်လည် ရရှိခြင်းမရှိ

0
299

တောင်သူတွေဆီက စိုက်ပျိုးစရိတ်ချေးငွေ ကျပ်ငွေသန်းပေါင်း ၆၀၀ နီးပါး ပြန်လည် ရရှိခြင်းမရှိဘူးလို့ အစိုးရ သတင်းထုတ်ပြန်လိုက်ပါတယ်။

သတင်းဓာတ်ပုံ -HEIN HTET (EPA/MYANMAR)

ပြီးခဲ့တဲ့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှာ စိုက်ပျိုးစရိတ်ချေးငွေစုစုပေါင်း ကျပ်ငွေသန်း ၄၈၀၀ နီးပါး ထုတ်ချေးခဲ့ရာမှာ ပြန်ဆပ်ငွေ ကျပ်ငွေ သန်းပေါင်း ၄၁၀၀ ကျော်သာ အစိုးရအနေနဲ့ ပြန်လည် ရရှိခဲ့တာပါ။

ဒါကြောင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် စိုက်ပျိုးစရိတ်ချေးငွေကို ၈၇.၇၂ % ပဲ အစိုးရအနေနဲ့ တောင်သူတွေကို ပြန်လည် ထုတ်ချေးနိုင်မယ့် အခြေအနေမျိုးတွေ ဖြစ်ပေါ်နေတာလို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဦးတင်အောင်မြင့်က ပြောပါတယ်။

ဒါကြောင့် စိုက်ပျိုးစရိတ်ချေးငွေ ပြန်မဆပ်နိုင်တဲ့ တောင်သူတွေကို ထပ်ချေးသွားမှာ မဟုတ်သလို အကျေဆပ်နိုင်တဲ့ တောင်သူတွေကိုသာ ထုတ်ချေးပေးသွားမှာဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

လက်ရှိအခြေအနေမှာဆိုရင် လာမယ့် စိုက်ပျိုးရေးရာသီအတွက် အစိုးရက တောင်သူတွေကို စိုက်ပျိုးစရိတ်ချေးငွေအဖြစ် မေလ ၂၃ ရက်နေ့က စတင်ကာ စပါးတစ်ဧကအတွက် ကျပ်ငွေ ၁ သိန်းခွဲ၊ အခြားသီးနှံတစ်ဧကအတွက် ကျပ်ငွေ ၅ သောင်းနှုန်းနဲ့ စတင်ထုတ်ချေးပေးနေတာဖြစ်ပါတယ်။

 

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)