၂၁ ရာစုပင်လုံ ဖက်ဒရယ်နဲ့ အတော်နီးပေမယ့် လက်တွေ့အကောင်အထည်ဖော်ဖို့ အချိန်အတော်ယူရလိမ့်မယ်

0
283

 

၂၁ ရာစုပင်လုံညီလာရဲ့ နိုင်ငံရေးကဏ္ဍဆွေးနွေးမှု ဖက်ဒရယ်နဲ့ အတော်နီးပေမယ့် လက်တွေ့အကောင်အထည်ဖော်ဖို့ အချိန်အတော်ယူရလိမ့်မယ်လို့ သတင်းစာဆရာ ဆရာကျော်ဝင်းက သုံးသပ်ပြောကြားလိုက်ပါတယ်။

မလ ၂၅ ရက်နေ့က ဒုတိယအကြိမ်ပြန်လည်ကျင်းပပြုလုပ်လာတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံအစည်းအဝေးအပြီး သတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ်မှာ သူ့ရဲ့ သုံးသပ်ချက်ကို ပြောကြားလိုက်တာပါ။

ဒါအပြင် ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ သွားမှရနိုင်လိမ့် မယ်လို့လည်း သူက ပြောပါတယ်။ အလားတူ လက်ရှိအခြေအနေမှာတော့ ဘယ်လိုဖက်ဒရယ်ဆိုတာကို ပုံဖော်တဲ့အဆင့်ကို မရောက်သေးဘူးလို့လည်း သုံးသပ်ပြောကြားခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)