အိန္ဒိယက ရထား ဒီဇယ်စက်ခေါင်း ၁၈ ခု မြန်မာကို ပို့မယ်

0
826

အိန္ဒိယ မီးရထား (IR) က ခေတ်မီ ရထား ဒီဇယ်စက်ခေါင်း ၁၈ ခုကို မြန်မာနိုင်ငံသို့ မကြာမီ ပေးပို့တော့မှာ ဖြစ်ပါတယ်။ ရထား စက်ခေါင်းတွေဟာ ဗာရာဏသီရှိ  ဒီဇယ် စက်ခေါင်း အလုပ်ရုံ (DLW) က ထုတ်လုပ်တဲ့ အင်ဂျင်စက်ခေါင်းတွေ ဖြစ်ပါတယ်။

ပထမအသုတ်အဖြစ် ဒီဇယ် စက်ခေါင်း ၆ ခုကို ရှေ့လမှာ သင်္ဘောနဲ့ တင်ပို့မှာဖြစ်ပြီး ကျန် စက်ခေါင်းတွကိုတော့ ဒီနှစ် ဒီဇင်ဘာမှာ တင်ပို့မှာ ဖြစ်ပါတယ်။ မြန်မာ့မီးရထား (မမ) က စက်မှု အင်ဂျင်နီယာတွေနဲ့ လျှပ်စစ် အင်ဂျင်နီယာအဖွဲ့ဟာ စက်ခေါင်းတွေကို သွားရောက် စစ်ဆေးခဲ့ပြီး ဖြစ်ပါတယ်။

အိန္ဒိယဟာ ပြီးခဲ့တဲ့ ၁၈ နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံကို ရထား စက်ခေါင်း ၆၀ ကျော်နဲ့ ဆက်စပ်ကိရိယာတွေ ရောင်းချခဲ့ပြီး ဖြစ်ပါတယ်။

DLW က ထုတ်တဲ့ ခေတ်မီ နည်းပညာသုံး ရထားစက်ခေါင်းတွေကို မြန်မာ အပြင် သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ မလေးရှားတို့ကိုလည်း တင်ပို့ ရောင်းချနေတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)