၇ နှစ်အတွင်း ဆက်သွယ်ရေးကုမ္ပဏီတွေက SIM Card ပေါင်း သန်း ၉၀ နီးပါးရောင်းချခဲ့

0
319

၂၀၁၁ ကနေ ၂၀၁၇ ခုနှစ်အထိ ဆက်သွယ်ရေးကုမ္ပဏီတွေက SIM Card ပေါင်း သန်း ၉၀ နီးပါး ရောင်းချခဲ့တယ်လို့ အစိုးရက တရားဝင်ပြောကြားလိုက်ပါတယ်။

သတင်းဓာတ်ပုံ – LYNN BO BO (EPA/MYANMAR)

မေလ ၂၅ ရက်နေ့က ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ လမ်းမတော်မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဝင်းရဲ့ မေးခွန်းကို ဖြေကြားစဉ် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးက အဲ့ဒီလို ပြောကြားလိုက်တာပါ။

အဲ့ဒီ SIM Card တွေကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ တယ်လီနောမြန်မာလီမိတက်နဲ့ အော်ရီတူးမြန်မာလီမိတက်တို့က ရောင်းချခဲ့တာပါ။

ဒါအပြင် ၇ နှစ်အတွင်း မိုဘိုင်းတယ်လီဖုန်း အလုံးပေါင်း ၁၆ သန်းကျော် တင်သွင်းခဲ့ပြီး အဲ့ဒီကနေ အကောက်ခွန် သန်း ၁၇၀၀ ကျော်နဲ့ ကုန်သွယ်လုပ်ငန်းခွန် သန်း ၁၇၀၀ ကျော် ရရှိခဲ့တယ်လို့လည်း ပြောကြားခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)