မြန်မာ့တပ်မတော် တောင့်တင်းခိုင်မာရေး ဂျာမနီ ကူညီမယ်

0
252

မြန်မာ့တပ်မတော်ကို တောင့်တင်း ခိုင်မာပြီး နိုင်ငံပြုပြင်ပြောင်းလဲမှုတွေ၊ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ပိုမိုတိုးတက် အောင်မြင်အောင် လုပ်ဆောင်နိုင်တဲ့ တပ်မတော်ဖြစ်ဖို့ ဂျာမနီနိုင်ငံက ကူညီမှာ ဖြစ်ပါတယ်။

မနေ့က မေလ ၂၅ ရက်နေ့က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဂျာမနီနိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန လွှတ်တော်ဆိုင်ရာ ဒု ဝန်ကြီးနဲ့ လွှတ်တော် အမတ် ဒေါက်တာ ရက်ဖ် ဘရွတ်စီပီ (Dr. Ralf Brauksiepe) တို့ တွေ့ဆုံစဉ် အဲဒီလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

တပ်မတော် နှစ်ရပ် အကြား ဆက်ဆံမှု မြှင့်တင်ရေး၊ လေ့ကျင့်ရေး ကိစ္စတွေနဲ့ လက်တွေ့ကျကျ လုပ်ဆောင်နိုင်မယ့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)