AIDS အောက်မေ့ဖွယ်ရာ ဖယောင်းတိုင်မီးထွန်း ဆုတောင်းပွဲ ကျင်းပမယ်

0
331

“AIDS အောက်မေ့ဖွယ်ရာ ဖယောင်းတိုင်မီးထွန်းဆုတောင်းပွဲ” ကို ရန်ကုန်မြို့မှာ ကျင်းပဖို့ ရှိနေပါတယ်။

မေလ (၂၈) ရက် တနင်္ဂနွေနေ့ ညနေ (၄) နာရီခွဲကနေ (၆) နာရီခွဲအထိ ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ အင်းလျားမှာရှိတဲ့ စိမ်းလမ်းစိုပြေဥယျာဉ်မှာ ကျင်းပဖို့ရှိနေတာပါ။

ဒီအခမ်းအနားကို HIV/AIDS ကာကွယ်တားဆီးရေးနဲ့ ပြုစုစောင့်ရှောက်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ မြန်မာ နိုင်ငံဘာသာပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (HIV/AIDS) ကနေ ကုလသမဂ္ဂ HIV/AIDS ပူးပေါင်းမှုအစီအစဉ် (UNAIDS) တို့က ပူးပေါင်းစီစဉ်ကျင်းပကြမှာဖြစ်ပါတယ်။

လက်ရှိအခြေအနေမှာဆိုရင်တော့ မြန်မာနိုင်ငံမှာ HIV/AIDS ကူးစက်နှုန်း ၁.၂ % ၀န်းကျင်ရှိနေပြီး HIB/AIDS ကူးစက်ခံရသူ ၄ သိန်းဝန်းကျင်အထိ ရှိနေတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)