အစိုးရကို တိုက်ခိုက်ဖို့ ဖွဲ့စည်းထားတာ မဟုတ်ဘူးလို့ မြောက်ပိုင်း ၇ ဖွဲ့က ပြောကြား

0
271

အစိုးရကို တိုက်ခိုက်ဖို့ ဖွဲ့စည်းထားတာ မဟုတ်ဘူးလို့ မြောက်ပိုင်း ၇ ဖွဲ့က ပြောကြားလိုက်ပါတယ်။

သတင်းဓာတ်ပုံ – HEIN HTET (EPA/MYANMAR)

မေလ ၂၅ ရက်နေ့က သတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ် မြောက်ပိုင်း ၇ ဖွဲ့ပါဝင်တဲ့ “၀” ပြည်နယ် ပြင်ပဆက်ဆံရေးဌာနမှူး  ကျောက်ကော့အန်းက ပြောကြားလိုက်တာပါ။

ဒီအဖွဲ့ဝင် တိုင်းရင်းသား ခေါင်းဆောင်တွေ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့ မေလ ၂၆ ရက်နေ့မှာ သီးသန့် တွေ့ဆုံဖို့ရှိနေတာပါ။

ဒီလိုတွေ့ဆုံရာမှာတော့ သူတို့ရဲ့ နိုင်ငံရေးရပ်တည်ချက်စာအုပ် ပေးအပ်သွားဖို့ ရှိနေပါတယ်။ ဒီတွေ့ဆုံမှုဟာ ပုဂ္ဂိုလ်ရေးအရ တွေ့ဆုံမှုသာဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေးက သတင်းမီဒီယာတွေကို ပြောကြားထားပါတယ်။

ဒီမြောက်ပိုင်းအဖွဲ့ ၇ ဖွဲ့မှာတော့ “၀” ပြည်သွေးစည်းညီညွတ်ရေးပါတီ / “၀” ပြည် သွေးစည်းညီညွတ်ရေး  တပ်မတော် (UWSP/UWSA)၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA)၊ ကချင်လွတ်လပ်ရေးအဖွဲ့ / ကချင်လွတ်မြောက်ရေး တပ်မတော် (KIO/KIA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ / ရှမ်းပြည်တပ်မတော် (SSPP/SSA) ၊ တအောင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ၊ မြန်မာအမျိုးသား ဒီမိုကရေစီမဟာတ်မိတ်တပ်မတော် (MNDAA) နဲ့ ရက္ခိုင့်တပ်မတော် (AA) တို့ ပါဝင်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)