ကဏ္ဍ ၅ ခု အခြေခံမူနဲ့ အချက် ၄၁ အများစု သဘောတူညီမှု ရရှိ

0
295

၂၁ ရာစု ပင်လုံ ဒုတိယ အစည်းအဝေး ဒုတိယနေ့မှာ ကဏ္ဍ ၅ ခုမှာ ပါဝင်တဲ့ အခြေခံမူနဲ့ အချက် ၄၁ ချက်ကို စတင် ဆွေးနွေးခဲ့ပြီး အများစုကို သဘောတူညီမှု ရရှိခဲ့ပါတယ်။

မနေ့က မေလ ၂၅ ရက်နေ့မှာ စတင်ဆွေးနွေးတဲ့ ကဏ္ဍ ၅ ခုကတော့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနဲ့ သဘာဝ ပတ်ဝန်းကျင်၊ လုံခြုံရေး ကဏ္ဍတို့ ဖြစ်ပြီး အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီတွေ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

အခြေခံမူတွေနဲ့ အချက်အများစုကို သဘောတူညီခဲ့တယ်လို့ UPDJC အဖွဲ့ဝင်တွေက မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ဆွေးနွေးမှုတွေ ဆက်လက် ပြုလုပ်မှာ ဖြစ်ပြီး ညီလာခံ နောက်ဆုံးနေ့ မတိုင်မီအထိ ပြင်ဆင်ဖြည့်စွက်မှုတွေ ပြုလုပ်မှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)