MCN သတင်းထောက်တစ်ဦး သတင်းရယူစဉ် သံဃာတော်တစ်ချို့တားမြစ်ခဲ့

0
335

ပုဂံခေတ်ဝတ်စုံကို ၀တ်ဆင်ပြီး ဧည့်ကြိုတာဝန်ကို ထမ်းဆောင်နေတဲ့အပေါ် မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂနဲ့ ဆီဒိုးနားဟိုတယ်က တာဝန်ရှိသူတွေ တွေ့ဆုံ ညှိနှိုင်းနေမူကို သွားရောက်သတင်းယူခဲ့တဲ့ MCN သတင်းဋ္ဌာနက အလုပ်သင် သတင်းထောက် နေမင်းခကို သတင်းရယူခွင့်ပိတ်ပင်တာဆီးတာတွေပြုလုပ်ခဲ့ပါတယ်။

မေလ (၂၆) ရက်နေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ပုဂံခေတ်အ၀တ်အစားနဲ့ ဧည့်သည်တွေကို ကြိုဆိုခဲ့တာနဲ့ ပတ်သက်ပြီး သဘောမတူခဲ့တဲ့ သံဃာတော်အချို့နဲ့ ဆီဒိုးနားဟိုတယ်က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးတယ်လို့ သတင်းရရှိထားတာကြောင့် MCN သတင်းဋ္ဌာနရဲ့ အလုပ်သင်သတင်းထောက် နေမင်းခ ကနေ သတင်းရိုက်ကူးရေးအတွက် သွားရောက်ခဲ့တာပါ။ ဆီင်္ဒိုးနားဟိုတယ်မှာ မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂ အဖွဲ့ဝင်သံဃာတော်အချို့ က သတင်းရိုက်ကူးရယူနေမှုကို ဟန့်တားခဲ့ပြီး ရိုက်ကူးထားတဲ့ရုပ်ပုံတွေကို ဖျတ်ဆီးစေခိုင်းတာတွေ၊ သတင်းဆက်လက်ရိုက်ကူးခွင့် ပိတ်ပင်ခဲ့တာတွေ ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။ ဒီလိုသတင်းရယူတဲ့နေရာမှာ MCN သတင်းထောက် နေမင်းခနဲ့အတူ ပြည်ထောင်စုနေ့စဉ်သတင်ဋ္ဌာနက သတင်းထောက်တစ်ဦးဖြစ်တဲ့ ကိုသူရမင်းဇော်လည်း အတူတကွရှိနေခဲ့တာ ဖြစ်ပါတယ်။ သတင်းရိုက်ကူးခွင့် မရတဲ့အတွက် ဆွေးနွေးပွဲရလဒ်ကို စောင့်ဆိုင်းနေခဲ့ရာမှာ ဆီဒိုးနားဟိုတယ် က ဧည့်ကြိုဝန်ထမ်းတွေကို ပုဂံခေတ်အ၀တ်အစား ၀တ်ဆင်ခိုင်းတာမျိုး နောက်ထပ်မပြုလုပ်တော့ဘူးလို့ ဂတိပြုကြောင်းတရားဝင်စာ ထုတ်ပြန်ပေးခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)