ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွေ မေ (၁၈) မှာ ကျင်းပဖို့ ခေါ်ယူ

0
340

ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွေကို မေလ (၁၈) ရက်မှာ ကျင်းပနိုင်ဖို့ လွှတ်တော် နာယက ဦးတီခွန်မြတ်က ခေါ်ယူလိုက်ပါတယ်။

ဧပြီလ (၂၆) ရက်နေ့ ရက်စွဲနဲ့ အခြေခံဥပဒေအပါအဝင် ပြည်ထောင်စုလွှတ်တော် ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ ခေါ်ယူလိုက်တာပါ။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၆) ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွေကို မေလ (၁၈) ရက် တနင်္လာနေ့ နေ့လည် (၁) နာရီခွဲအချိန်မှာ စတင်ကျင်းပ ဖို့ရှိနေတာ ဖြစ်ပါတယ်။

အခုပြန်လည်ကျင်းပလာမယ့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအတွင်းမှာတော့ ဘဏ္ဍာငွေ ခွဲဝေသုံးစွဲမှုဆိုင်ရာ ဥပဒေကြမ်းနဲ့အတူ အမျိုးသားစီမံကိန်းဆိုင်ရာ ဥပဒေကြမ်းတွေကို အဓိက ဆွေးနွေးကြဖို့ ရှိနေတာပါ။

ဒါ့အပြင် လက်ရှိ တိုင်းပြည်မှာ ရင်ဆိုင်နေရတဲ့ (ကိုဗစ်-၁၉) ရောဂါ ကူးစက်မှု အန္တရာယ်တွေ ဖြေရှင်းရေးနဲ့အတူ ရခိုင်ပြည်နယ်က တိုက်ပွဲတွေ ရပ်ဆိုင်းဖို့ကိစ္စတွေကို ဘယ်လောက်အထိ ဆွေးနွေး အတည်ပြုနိုင်မယ်ဆိုတာကိုကတော့ အဓိက စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)