လှိုင်သာယာ စက်ရုံဝန်ထမ်းမှာ ပိုးတွေ့ပြီးနောက် ချမှတ်ထားတဲ့ အစီအစဉ်တွေအတိုင်း ဆောင်ရွက်ကြဖို့တိုက်တွန်း

0
986

လှိုင်သာယာရှိ စက်ရုံတစ်ရုံက ဝန်ထမ်းတစ်ဦး (ကိုဗစ်-၁၉) ပိုး တွေ့တဲ့ သတင်းကြောင့် စိုးရိမ်မှုတွေရှိခဲ့ပြီး ချမှတ်ထားတဲ့ အစီအစဉ်တွေအတိုင်း ဆောင်ရွက်နိုင်ကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားလိုက်ပါတယ်။

ဧပြီလ (၂၅) ရက်နေ့က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာက တဆင့်ပြောကားရာမှာတော့ COVID တိုက်ပွဲကြီးမှာ ပါဝင်ဆောင်ရွက်နေ ကြတဲ့ ကျန်းမာရေးနဲ့ အုပ်ချုပ်ရေးဆိုင်ရာ နိုင်ငံ့ဝန်ထမ်းတွေနဲ့အတူ စေတနာ့ ဝန်ထမ်းတွေ လုပ်ဆောင်ကြရတဲ့ လုပ်ငန်းစဉ်တွေကို အသိပေး ပြောကြား ထားတာပါ။

ပထမအဆင့်အနေနဲ့ ရောဂါပိုးရှိနေသူကို ကုသပေးရေးအတွက် အနီးဆုံး သင့်တော်တဲ့ ဆေးရုံကို အမြန်ဆုံးပို့ဆောင်ဖို့၊ ဒုတိယအဆင့်အနေနဲ့ လူနာနဲ့ ထိတွေ့ ခဲ့သူတွေကို ရှာဖွေ ဆက်သွယ်ရသလို လူနာကိုယ်တိုင်က ရောဂါကူးစက်နိုင်တဲ့ ကာလအတွင်း ထိတွေ့ခဲ့သူမတွေရဲ့စာရင်း မှတ်မိ သလောက် ပေးရမယ့်အပြင် ပိုမိုပြည့်စုံဖို့၊ ထိတွေ့မှုရှိခဲ့သူတွေ ကိုယ်တိုင်လည်း online က တစ်ဆင့် ဆောင်ရွက်ကြဖို့ ပြောကြား ထားပါတယ်။

တတိယအနေနဲ့ ထိတွေ့မှု ရှိခဲ့သူတွေကို ရှာဖွေ Quarantine လုပ်ပြီး စောင့်ကြည့်၊ စစ်ဆေးရတဲ့ အဆင့် တစ်ဆင့်ပြီးတစ်ဆင့် လုပ်စရာတွေ လုပ်သွားနိုင်ဖို့ အစီအစဉ်တွေချ မှတ်ထားတာတွေ ရှိတဲ့အကြောင်းကိုလည်း ပြောကြားထားတာပါ။

အဲ့ဒီ ရောဂါပိုးကူးစက်ခံသူ ပိုးတွေ့လူနာ အမှတ် (၁၄၄) ဟာ လှိုင်သာယာစက်မှုဇုန်ရှိ ရေကိုးထောင်လောက်ရှိတဲ့ ချန်းရီဖိနပ်စက်ရုံမှာ တရုတ်စကားပြန် အလုပ်လုပ်ကိုင်သူ တစ်ဦးပါ။

ဒီလို လူစုလူဝေးနဲ့ အလုပ် လုပ်ကိုင်နေကြတဲ့ စက်ရုံတစ်ရုံမှာ ရောဂါကူး စက်မှု အတည်ပြုလူနာ ရှိလာတဲ့အပေါ် တခြားအလုပ်သမားတွေက တဆင့် ကူးစက်မှု ပြန့်ပွားလာမှုကို အလုပ်သမားအရေး ဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းတွေက စိုးရိမ်နေကြတာလဲ ဖြစ်ပါတယ်။



လှိုင်သာယာ စက်ရုံဝန်ထမ်းမှာ ပိုးတွေ့ပြီးနောက် ချမှတ်ထားတဲ့ အစီအစဉ်တွေအတိုင်း ဆောင်ရွက်ကြဖို့တိုက်တွန်း

လွိုင္သာယာရွိ စက္႐ုံတစ္႐ုံက ဝန္ထမ္းတစ္ဦး (ကိုဗစ္-၁၉) ပိုး ေတြ႕တဲ့ သတင္းေၾကာင့္ စိုးရိမ္မႈေတြရွိခဲ့ၿပီး ခ်မွတ္ထားတဲ့ အစီအစဥ္ေတြအတိုင္း ေဆာင္႐ြက္နိုင္ၾကဖို႔ နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္က ေျပာၾကားလိုက္ပါတယ္။

ဧၿပီလ (၂၅) ရက္ေန႕က သူ႕ရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာက တဆင့္ေျပာကားရာမွာေတာ့ COVID တိုက္ပြဲႀကီးမွာ ပါဝင္ေဆာင္႐ြက္ေန ၾကတဲ့ က်န္းမာေရးနဲ႕ အုပ္ခ်ဳပ္ေရးဆိုင္ရာ နိုင္ငံ့ဝန္ထမ္းေတြနဲ႕အတူ ေစတနာ့ ဝန္ထမ္းေတြ လုပ္ေဆာင္ၾကရတဲ့ လုပ္ငန္းစဥ္ေတြကို အသိေပး ေျပာၾကား ထားတာပါ။

ပထမအဆင့္အေနနဲ႕ ေရာဂါပိုးရွိေနသူကို ကုသေပးေရးအတြက္ အနီးဆုံး သင့္ေတာ္တဲ့ ေဆး႐ုံကို အျမန္ဆုံးပို႔ေဆာင္ဖို႔၊ ဒုတိယအဆင့္အေနနဲ႕ လူနာနဲ႕ ထိေတြ႕ ခဲ့သူေတြကို ရွာေဖြ ဆက္သြယ္ရသလို လူနာကိုယ္တိုင္က ေရာဂါကူးစက္နိုင္တဲ့ ကာလအတြင္း ထိေတြ႕ခဲ့သူမေတြရဲ႕စာရင္း မွတ္မိ သေလာက္ ေပးရမယ့္အျပင္ ပိုမိုျပည့္စုံဖို႔၊ ထိေတြ႕မႈရွိခဲ့သူေတြ ကိုယ္တိုင္လည္း online က တစ္ဆင့္ ေဆာင္႐ြက္ၾကဖို႔ ေျပာၾကား ထားပါတယ္။

တတိယအေနနဲ႕ ထိေတြ႕မႈ ရွိခဲ့သူေတြကို ရွာေဖြ Quarantine လုပ္ၿပီး ေစာင့္ၾကည့္၊ စစ္ေဆးရတဲ့ အဆင့္ တစ္ဆင့္ၿပီးတစ္ဆင့္ လုပ္စရာေတြ လုပ္သြားနိုင္ဖို႔ အစီအစဥ္ေတြခ် မွတ္ထားတာေတြ ရွိတဲ့အေၾကာင္းကိုလည္း ေျပာၾကားထားတာပါ။

အဲ့ဒီ ေရာဂါပိုးကူးစက္ခံသူ ပိုးေတြ႕လူနာ အမွတ္ (၁၄၄) ဟာ လွိုင္သာယာစက္မႈဇုန္ရွိ ေရကိုးေထာင္ေလာက္ရွိတဲ့ ခ်န္းရီဖိနပ္စက္႐ုံမွာ တ႐ုတ္စကားျပန္ အလုပ္လုပ္ကိုင္သူ တစ္ဦးပါ။

ဒီလို လူစုလူေဝးနဲ႕ အလုပ္ လုပ္ကိုင္ေနၾကတဲ့ စက္႐ုံတစ္႐ုံမွာ ေရာဂါကူး စက္မႈ အတည္ျပဳလူနာ ရွိလာတဲ့အေပၚ တျခားအလုပ္သမားေတြက တဆင့္ ကူးစက္မႈ ျပန႔္ပြားလာမႈကို အလုပ္သမားအေရး ေဆာင္႐ြက္ေနၾကတဲ့ အဖြဲ႕အစည္းေတြက စိုးရိမ္ေနၾကတာလဲ ျဖစ္ပါတယ္။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)