သီတဂူဆရာတော်ကြီး၏ အလှူတော်အား ပုပ်ရဟန်းမင်းကြီး အထူးလေးစား ကြည်ညိုဟုဆို

0
1881

သီတဂူဆရာတော်ကြီးရဲ့ ကာယကံမြောက် ကရုဏာ အလှူတော်ကို အထူးလေးစား ကြည်ညိုရကြောင်း ပုပ်ရဟန်းမင်းကြီး (ကိုယ်စား) ပေးပို့တဲ့ ကျေးဇူးတင်လွှာမှာ ဖော်ပြထားပါတယ်။

ခရစ္စယန်ဘာသာ အဖွဲ့အစည်းတွေအတွက် လှူဒါန်းမှုတွေနဲ့အတူ ပုပ်ရဟန်းမင်းကြီး ထူထောင်ထားတဲ့ (ကိုဗစ်-၁၉) ရန်ပုံငွေသို့ အမေရိကန် ဒေါ်လာ တစ်သောင်း ထည့်ဝင်လှူဒါန်းမှုတွေအပေါ် ပြန်လည်ပေးပို့လာတဲ့ ကျေးဇူးတင်လွှာမှာ အဲ့ဒီလိုဖော်ပြထားတာပါ။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အခြေစိုက် မြန်မာနှင့် လာအိုနိုင်ငံဆိုင်ရာ ပုပ်ရဟန်းမင်းကြီးရဲ့ ကိုယ်စားလှယ်တော် (Apostolic Delegate) ဖြစ်သလို မြန်မာနိုင်ငံဆိုင်ရာ ဗာတီကန်မြို့ပြနိုင်ငံ (Holy See) သံအမတ်ကြီး (Apostolic Nuncio) ဂိုဏ်းချုပ်ဘုန်းတော်ကြီး Paul Tschang In-Nam က ဧပြီ (၂၄) ရက်နေ့မှာ ပေးပို့တဲ့ ကျေးဇူးတင်လွှာမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

ဒီလိုပြောကြားရာမှာတော့ သီတဂူဆရာတော်ကြီးရဲ့ မြင့်မြတ်တဲ့ အလှူဒါနကို မြင့်မြတ်တဲ့ ပုပ်ရဟန်းမင်းကြီးအနေနဲ့ အထူးလေးစား ကြည်ညိုမိမှာ သေချာပါကြောင်း ပြောကြားထားတာပါ။

သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရဟာ ခရစ္စယန်ဘာသာ အဖွဲ့အစည်းတွေအတွက် အစားအသောက်တွေနဲ့အတူ ပုပ်ရဟန်းမင်းကြီး ထူထောင်ထားတဲ့ (ကိုဗစ်-၁၉) ရန်ပုံငွေသို့ အမေရိကန် ဒေါ်လာ တစ်သောင်းကို ပြီးခဲ့တဲ့ ဧပြီလ (၁၆) ရက်နေ့က ကက်သလစ်ဂိုဏ်းချုပ် ဆရာတော် မာကုဦးတင်ဝင်းကတဆင့် လှူဒါန်းခဲ့တာဖြစ်ပါတယ်။



သီတဂူဆရာေတာ္ႀကီး၏ အလႉေတာ္အား ပုပ္ရဟန္းမင္းႀကီး အထူးေလးစား ၾကည္ညိဳဟုဆို

သီတဂူဆရာေတာ္ႀကီးရဲ႕ ကာယကံေျမာက္ က႐ုဏာ အလႉေတာ္ကို အထူးေလးစား ၾကည္ညိုရေၾကာင္း ပုပ္ရဟန္းမင္းႀကီး (ကိုယ္စား) ေပးပို႔တဲ့ ေက်းဇူးတင္လႊာမွာ ေဖာ္ျပထားပါတယ္။

ခရစၥယန္ဘာသာ အဖြဲ႕အစည္းေတြအတြက္ လႉဒါန္းမႈေတြနဲ႕အတူ ပုပ္ရဟန္းမင္းႀကီး ထူေထာင္ထားတဲ့ (ကိုဗစ္-၁၉) ရန္ပုံေငြသို႔ အေမရိကန္ ေဒၚလာ တစ္ေသာင္း ထည့္ဝင္လႉဒါန္းမႈေတြအေပၚ ျပန္လည္ေပးပို႔လာတဲ့ ေက်းဇူးတင္လႊာမွာ အဲ့ဒီလိုေဖာ္ျပထားတာပါ။

ထိုင္းနိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕အေျခစိုက္ ျမန္မာႏွင့္ လာအိုနိုင္ငံဆိုင္ရာ ပုပ္ရဟန္းမင္းႀကီးရဲ႕ ကိုယ္စားလွယ္ေတာ္ (Apostolic Delegate) ျဖစ္သလို ျမန္မာနိုင္ငံဆိုင္ရာ ဗာတီကန္ၿမိဳ႕ျပနိုင္ငံ (Holy See) သံအမတ္ႀကီး (Apostolic Nuncio) ဂိုဏ္းခ်ဳပ္ဘုန္းေတာ္ႀကီး Paul Tschang In-Nam က ဧၿပီ (၂၄) ရက္ေန႕မွာ ေပးပို႔တဲ့ ေက်းဇူးတင္လႊာမွာ ေဖာ္ျပထားတာ ျဖစ္ပါတယ္။

ဒီလိုေျပာၾကားရာမွာေတာ့ သီတဂူဆရာေတာ္ႀကီးရဲ႕ ျမင့္ျမတ္တဲ့ အလႉဒါနကို ျမင့္ျမတ္တဲ့ ပုပ္ရဟန္းမင္းႀကီးအေနနဲ႕ အထူးေလးစား ၾကည္ညိုမိမွာ ေသခ်ာပါေၾကာင္း ေျပာၾကားထားတာပါ။

သီတဂူဆရာေတာ္ ေဒါက္တာအရွင္ဉာဏိႆရဟာ ခရစၥယန္ဘာသာ အဖြဲ႕အစည္းေတြအတြက္ အစားအေသာက္ေတြနဲ႕အတူ ပုပ္ရဟန္းမင္းႀကီး ထူေထာင္ထားတဲ့ (ကိုဗစ္-၁၉) ရန္ပုံေငြသို႔ အေမရိကန္ ေဒၚလာ တစ္ေသာင္းကို ၿပီးခဲ့တဲ့ ဧၿပီလ (၁၆) ရက္ေန႕က ကက္သလစ္ဂိုဏ္းခ်ဳပ္ ဆရာေတာ္ မာကုဦးတင္ဝင္းကတဆင့္ လႉဒါန္းခဲ့တာျဖစ္ပါတယ္။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)