လူငယ္ေတြရဲ႕ လြတ္လပ္စြာေျပာဆိုခြင့္ကို သက္ဆို္င္ရာက မပိတ္ပင္သင့္ဘူးလို႔ အသံအဖြဲ႔ေျပာ

0
518

လူငယ္ေတြရဲ႕ လြတ္လပ္စြာထုတ္ေဖာ္ေျပာဆိုခြင့္ကို သက္ဆိုင္ရာ တာ၀န္ရွိသူေတြက တားဆီးပိတ္ပင္တာေတြ မလုပ္ေဆာင္သင့္ဘူးလို႔ အသံအဖြဲ႕က ေျပာပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္စိုင္းဟန္က ေပးပို႔ထားပါတယ္။

လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆို ေရးသားတ့ဲ လူငယ္ေတြကို တရားစြဲဆိုတာေတြရွိေနၿပီး အခုလိုတရားစြဲတာဟာ လူငယ္ေတြရဲ႕ မူလရပိုင္ခြင့္ျဖစ္တ့ဲ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္ကို ထိခိုက္ေနတာျဖစ္လို႔ ဆက္လက္ မလုပ္ေဆာင္သင့္ဘူး လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္လႈပ္ရွားမႈအဖြဲ႕ အသံ(Athan) က ေျပာပါတယ္။

Soundbite- ဦးေအာင္ခန္႔ (ပ႐ိုဂမ္မန္ေနဂ်ာ)

လြတ္လပ္စြာထုတ္ေဖာ္ေျပာဆိုခြင့္လႈပ္ရွားမႈအဖြဲ႕ အသံ(Athan)

ဒါ့အျပင္ ျမန္မာႏိုင္ငံမွာ ေရြးေကာက္ပြဲကာလ ဝန္းက်င္အတြင္း ဆန္႔က်င္ဘက္ အဖြဲ႕႔အစည္းေတြၾကား ေ၀ဖန္ေျပာဆိုတာေတြကို အျပန္အလွန္တရားစြဲဆိုတာေတြရွိပါတယ္။ ၂၀၂၀ ေရြးေကာက္ပြဲနီးလာၿပီ ျဖစ္တ့ဲအတြက္ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္အတြက္ စိုးရိမ္ရတ့ဲ အေျခအေနေတြရွိတယ္လို႔လည္း အသံအဖြဲ႕က ေျပာပါတယ္။

Soundbite- ဦးေအာင္ခန္႔ (ပ႐ိုဂမ္မန္ေနဂ်ာ) လြတ္လပ္စြာထုတ္ေဖာ္ေျပာဆိုခြင့္လႈပ္ရွားမႈအဖြဲ႕ အသံ(Athan)

လက္ရွိ ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၆(ဃ)နဲ႔ တရားစြဲဆိုခံထားရတဲ့ အမႈေပါင္းဟာ ၂၀၁၃ ခုႏွစ္ ကေန ၂၀၁၉ ခုႏွစ္ ဧၿပီလ ၃ ရက္ေန႔အထိ ၁၈၅ မႈရွိခဲ့ၿပီး  သတင္းမီဒီယာ သမားေတြကို ၆၆(ဃ) နဲ႔ တရားစြဲဆိုမႈ ၂၃ မႈရွိၿပီး တရားရင္ဆိုင္ေနရတဲ့ သတင္းသမား ၃၁ ဦးအထိ ရွိေနပါတယ္ ခင္ဗ်ာ။

လူငယ်တွေရဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက တားဆီးပိတ်ပင်တာတွေ မလုပ်ဆောင်သင့်ဘူးလို့ အသံအဖွဲ့က ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက်စိုင်းဟန်က ပေးပို့ထားပါတယ်။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ရေးသားတဲ့ လူငယ်တွေကို တရားစွဲဆိုတာတွေရှိနေပြီး အခုလိုတရားစွဲတာဟာ လူငယ်တွေရဲ့ မူလရပိုင်ခွင့်ဖြစ်တဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထိခိုက်နေတာဖြစ်လို့ ဆက်လက် မလုပ်ဆောင်သင့်ဘူး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှားမှုအဖွဲ့ အသံ(Athan) က ပြောပါတယ်။

Soundbite- ဦးအောင်ခန့် (ပရိုဂမ်မန်နေဂျာ)
လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှားမှုအဖွဲ့ အသံ(Athan)

ဒါ့အပြင် မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကာလ ဝန်းကျင်အတွင်း ဆန့်ကျင်ဘက် အဖွဲ့အစည်းတွေကြား ဝေဖန်ပြောဆိုတာတွေကို အပြန်အလှန်တရားစွဲဆိုတာတွေရှိပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲနီးလာပြီ ဖြစ်တဲ့အတွက် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက် စိုးရိမ်ရတဲ့ အခြေအနေတွေရှိတယ်လို့လည်း အသံအဖွဲ့က ပြောပါတယ်။

Soundbite- ဦးအောင်ခန့် (ပရိုဂမ်မန်နေဂျာ) လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှားမှုအဖွဲ့ အသံ(Athan)

လက်ရှိ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲဆိုခံထားရတဲ့ အမှုပေါင်းဟာ ၂၀၁၃ ခုနှစ် ကနေ ၂၀၁၉ ခုနှစ် ဧပြီလ ၃ ရက်နေ့အထိ ၁၈၅ မှုရှိခဲ့ပြီး သတင်းမီဒီယာ သမားတွေကို ၆၆(ဃ) နဲ့ တရားစွဲဆိုမှု ၂၃ မှုရှိပြီး တရားရင်ဆိုင်နေရတဲ့ သတင်းသမား ၃၁ ဦးအထိ ရှိနေပါတယ် ခင်ဗျာ။


COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)