မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအတွက် ရဲချုပ်ဇော်ဝင်း၏နှုတ်ဆက်အမှာစကား

0
294

အခုလကုန်မှာ တာဝန်ကနေ အနားယူတော့မယ့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ ရဲချုပ်ဇော်ဝင်းက မြန်မာနိုင်ငံ က ရဲတပ်ဖွဲ့ဝင်တွေ အတွက် နှုတ်ဆက်စကားပြောကြားခဲ့ပါတယ်။

အဲ့ဒီ နှုတ်ဆက်စကားနဲ့အတူ ရဲတပ်ဖွဲ့ဝင်တွေ ရှေ့ဆက်ကြုံတွေ့ရမယ့် တာဝန်တွေအတွက်  အမှာစကားပြောကြားရာမှာ ပြည်သူလူထုဆီက ယုံကြည်မှုကို ရယူဖို့နဲ့ ပြည်သူတွေရဲ့ တစ်ဦးချင်း အခန်းကဏ္ဍကို လေးစားသမှုရှိကြဖို့ ထည့်သွင်းမှာကြားခဲ့တာပါ။

ဒါ့အပြင် ကောင်းမွန်ပြည့်စုံတဲ့ ရဲတပ်ဖွဲ့ဖြစ်ဖို့ ဂုဏ်သိက္ခာပိုင်း ၊ ပြည်သူတွေရဲ့ ယုံကြည်မှုပိုင်း နဲ့ တရားဥပဒေနဲ့ညီညွတ်မှု ပိုင်း စတဲ့ အပိုင်း ၃ ပိုင်း ဟာ အရေးကြီးဆုံးဖြစ်ကြောင်း မှာကြားခဲ့ပါတယ်။

ရဲချုပ်ဇော်ဝင်းဟာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို ၂၀၀၄ ခုနှစ်မှာ တပ်မတော်ကနေ ပြောင်းရွှေ့ရောက်ရှိလာပြီး ၂၀၁၃ ခုနှစ်အထိ ဒုရဲချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကာ ၊ ၂၀၁၃ ကနေ ၂၀၁၇ ခုနှစ်အထိ ရဲချုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)