မလေးရှားနိုင်ငံကို သွားရောက်မယ့် အလုပ်သမား လေးထောင်နီးပါး အလုပ်ခေါ်စာ သက်တမ်းကုန်

0
315

၂၀၁၆  ခုနှစ် ၁၂ ပိုင်းက မြန်မာအစိုးရဟာ မလေးရှားနိုင်ငံကိုအလုပ်သမား စေလွတ်တာတွေကို ပိတ်ပင်ခဲ့ပါတယ်။

အခုလိုပိတ်ပင်ခဲ့တာဟာ အချိန်လေးလ ကျော်ကြာမြင့်နေတာဖြစ်တဲ့အတွက် မလေးရှား သွားရောက်လုပ်ကိုင်ဖို့ အလုပ်ခေါ်စာရရှိထားတဲ့အလုပ်သမားတွေ ရဲ့ ခေါ်စာတွေဟာ သက်တမ်းကုန်ဆုံးသွား  တာဖြစ်ပါတယ်။

အလုပ်ခေါ်စာရရှိထားတဲ့ အလုပ်သမားအရေအတွက် ဟာ လေးထောင်နီးပါးရှိတယ်လို့ မြန်မာ ပြည်ပအလုပ်အကိုင်ရှာဖွေရေးဝန်ဆောာင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်ကပြောပါတယ်။။

အစိုးရအနေနဲ့ မလေးရှား နိုင်ငံကို အလုပ်သွားရောက်လုပ်ကိုင်ခွင့် ပြန်လည်ခွင့်ပြုပေးခဲ့ရင်တောင် အလုပ်ခေါ်စာ သက်တမ်းကုန်ဆုံး သွားတဲ့အတွက် ထပ်မံပြုလုပ်ရတော့မှာပါ။

မလေးရှားသွားရောက် အလုပ်လုပ်ကိုင်ဖို့ ခေါ်စာရရှိအောင် လုပ်ဆောင်ရတဲ့ ကုန်ကျစရိတ်ဟာ လေးသိန်း နီးပါးရှိပြီး အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတွေကို ၀န်ဆောင်ခအဖြစ် ကျပ်တစ်သိန်းပေးဆောင်ထားရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)