Together Festival Yangon ရဲ့ Electronic Dance Music ဂီတပွဲတော် ကျင်းပမယ်

0
340

မြန်မာနိုင်ငံမှာရှိတဲ့ Electronic Dance Music ကို နှစ်သက်တဲ့ ဂီတချစ်သူသူတွေ အတွက် Together Festival Yangon ရဲ့ သုံးနှစ်မြောက် နှစ်ပတ်လည် EDM ဂီတပျော်ဖြေပွဲကို ဧပြီလ ၂၉ ရက်နေ့ ကနေ ၃၀ ရက်နေ့အထိ သုဝဏ္ဏဘူမိကွင်းမှာ ကျင်းပသွားမှာဖြစ်ပါတယ်။

အဲဒီ ပွဲတော်ဟာ နိုင်ငံတကာအဆင့်မီ EDM Festival ပွဲတော်တစ်ခုပါ။ ဧပြီလ ၂၅ ရက်နေ့ ရန်ကုန်မြို့ရှိ Novotal Hotel မှာ Together Festival Yangon ကျင်းပသွားမှာနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

လက်ရှိနိုင်ငံတကာမှာလည်း Electronic Dance Music ဂီတပွဲတွေက အရမ်းကို ရေပန်းစားနေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ EDM ပရိသတ်တွေ အတွက် နိုင်ငံတကာက အနုပညာရှင်တွေရဲ့ ဖျော်ဖြေတင်ဆက်မှုတွေကို မြင်တွေ့ရမှာလည်းဖြစ်ပါတယ်။

Together Festival Yangon ဂီတပွဲတော်ကို ထိုင်းနိုင်ငံဘန်ကောက် မှာ Retox Sessions နဲ့ AG Productions တို့က ၂၀၁၂ ခုနှစ်မှ စတင်ပြီး နှစ်စဉ်နှစ်တိုင်း ကျုင်းပလာခဲ့တာဖြစ်ပြီး အခုဆိုရင် ၅ နှစ်ရှိခဲ့ပြီ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)