ရန်ကုန်တိုင်းဒေသကြီးအတွင်းက စက်မှုဇုန်အသီးသီးမှာ ကျူးကျော်နေထိုင်ကြသူတွေ အများအပြားရှိနေ

0
305

ရန်ကုန်တိုင်းဒေသကြီးအတွင်းက စက်မှုဇုန်အသီးသီးမှာ ကျူးကျော်နေထိုင်ကြသူတွေ အများအပြားရှိနေတာဖြစ်ပြီး ဒီပြသနာကို အမြန်ဆုံးဖြေရှင်းပေးဖို့ စက်မှုဇုန် လုပ်ငန်းရှင်တွေက တောင်းဆိုလိုက်ကြပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ စက်မှုဇုန်လုပ်ငန်းရှင်တွေဟာ ဧပြီလ (၂၅)ရက်နေ့က ရန်ကုန်မြို့ရှိ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်တွေအသင်းချုပ်မှာ တွေ့ဆုံကြစဉ် လုပ်ငန်းရှင်တွေက တောင်းဆိုလိုက်ကြတာပါ။ နေထိုင်စားသောက်မှု အခက်အခဲနဲ့ အလုပ်အကိုင် အခွင့်အလမ်း အခက်အခဲတွေကြောင့် ရန်ကုန်မြို့ကို လာရောက်ကာ ကျူးကျော်အဖြစ် နေထိုင်ကြသူတွေဟာ လှိုင်သာယာမြို့နယ်မှာ အများဆုံးရှိကြတာဖြစ်တယ်လို့ စစ်တမ်းကောက်ယူမှု တစ်ခုက ထုတ်ပြန်ထားတာပါ။ ကျူးကျော်နေထိုင်သူတွေဟာ အရင်အစိုးရလက်ထပ်က အကြမ်းဖက်တဲ့ နည်းနဲ့ ဖြေရှင်းခံ ခဲ့ရပြီး အခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဖွဲ့စည်းတဲ့ အစိုးရသစ် လက်ထပ်မှာတော့ အကြမ်းဖက်တဲ့ နည်းနဲ့ မဖြေရှင်းဖို့ကိုလည်း မျှော်လင့်နေကြတာဖြစ်ပါတယ်။

MCN နေ့စဉ် ရုပ်သံသတင်းအစီအစဉ် ၂၀၁၆ခုနှစ်၊ ဧပြီ (၂၅) ရက် တနင်္လာနေ့
မြန်မာစံတော်ချိန် ညနေ (၁၈း၀၀) နာရီ

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)