ကိုယ်ရေးအရာရှိ ခန့်အပ်ရာမှာ မိမိတို့ရဲ့ ဇနီး၊ ခင်ပွန်း၊ ဆွေးနီးမျိုးစပ်တွေကို မခန့်အပ်ရ

0
339

ပြည်ထောင်စု အစိုးရအဖွဲ့ဝင်တွေ အနေနဲ့ ကိုယ်ရေးအရာရှိ ခန့်အပ်ရာမှာ မိမိတို့ရဲ့ ဇနီး၊ ခင်ပွန်း၊ ဆွေးနီးမျိုးစပ်တွေကို မခန့်အပ်ရဘူးလို့ နိုင်ငံတော် သမ္မတရုံး ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်မှတ်နဲ့ ထုတ်ပြန်လိုက်ပါတယ်။ ဒီလိုခန့်အပ်ရာမှာ မိမိတို့ရဲ့ ညီအစ်ကိုမောင်နှမ၊ သားသမီး၊ သားမက်၊ ချွေးမ၊ တူ တူမနဲ့ မြေးမြစ်တွေအထိ မခန့်အပ်ဖို့ ပါဝင်တာပါ။ ကိုယ်ရေးအရာရှိ ရာထူးတာဝန်တွေအတွက် ခန့်အပ်ရာမှာ ဌာနဆိုင်ရာဝန်ထမ်းကိုသာ ၀န်ထမ်း စည်းမျဉ်း စည်းကမ်းတွေနဲ့အညီ ရွေးချယ်တာဝန်ပေးဖို့ကိုလည်း ညွှန်ကြား လိုက်တာဖြစ်ပါတယ်။ ဒီလို ညွှန်ကြားချက်ကို သမ္မတရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်က လက်မှတ်ရေးထိုး ထုတ်ပြန်လေ့ရှိပေမယ့် အထူးအလေးနက်ထားရှိတဲ့အနေနဲ့ သမ္မတရုံးဝန်ကြီးက ထုတ်ပြန်တာဖြစ်တယ်လို့ သိရပါတယ်။

MCN နေ့စဉ် ရုပ်သံသတင်းအစီအစဉ် ၂၀၁၆ခုနှစ်၊ ဧပြီ (၂၅) ရက် တနင်္လာနေ့
မြန်မာစံတော်ချိန် ညနေ (၁၈း၀၀) နာရီ

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)