ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင် ထိပ်ပိုင်းခေါင်းဆောင်အချို့ကို သုံးသပ်ဖို့လိုအပ်နေ

0
319

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင် ထိပ်ပိုင်းခေါင်းဆောင်ဆိုသူအချို့၏ ပြုမူလုပ်ဆောင်မှုတွေဟာ တည်ဆဲ၊ စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေတွေနဲ့ ညီညွတ်မှု ရှိ/မရှိ သုံးသပ်ဖို့ လိုအပ်နေတယ်လို့ သူရဦးရွှေမန်းက ပြောကြားလိုက်ပါတယ်။ သူရဦးရွှေမန်းအနေနဲ့ ပါတီက အနားပေးတဲ့ အကြောင်းကြားစာကို ဧပြီလ (၂၂)ရက်နေ့က လက်ခံရရှိခဲ့ပြီး သူဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေတဲ့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင်အများစု အပါအ၀င် ပါတီဝင်(၁၇)ဦး ပါဝင်ခဲ့တာပါ။ ဒီလို ပြုမူဆောင်ရွက်တာဟာ ပါတီတွင်းနဲ့သာ သက်ဆိုင်တဲ့ အကြောင်း အရာဖြစ်ပေမယ့် နိုင်ငံတော်နဲ့ နိုင်ငံသားအကျိုးစီးပွားကို တစ်နည်းမဟုတ် တစ်နည်းဖြင့် သက်ရောက်မှုတစ်စုံတစ်ရာ ရှိလာနိုင်တယ်လို့လည်း ဆိုပါတယ်။ နိုင်ငံတော် သမ္မတဟောင်း တစ်ဦးဖြစ်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသိန်းစိန်ဟာ ပါတီဥက္ကဋ္ဌတာဝန်တွေကို ဧပြီလ (၂၂)ရက်နေ့မှာ စတင်ထမ်းဆောင်နေပြီလို့ ပါတီက သတင်းထုတ်ပြန်ထားတာလည်းဖြစ်ပါတယ်။

MCN နေ့စဉ် ရုပ်သံသတင်းအစီအစဉ် ၂၀၁၆ခုနှစ်၊ ဧပြီ (၂၅) ရက် တနင်္လာနေ့
မြန်မာစံတော်ချိန် ညနေ (၁၈း၀၀) နာရီ

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)