တရားဝင် သင်္ကြန် ပိတ်ရက် ၁၀ ရက်ရရေး အလုပ်သမား ထောင်ချီ ဆန္ဒပြ

0
328

ရန်ကုန်မြို့ရှိ မြို့တော် ခန်းမရှေ့မှာ အလုပ်သမား ၃ ထောင်ကျော်ဟာ သင်္ကြန်ကာလ တရားဝင်ရုံးပိတ်ရက် ၁၀ ရက် သတ်မှတ်ပေးဖို့ ဆန္ဒပြခဲ့ကြပါတယ်။

ဒီနေ့ မနက် ပြုလုပ်တဲ့ ဆန္ဒပြပွဲကို မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (CTUM) က ဦးဆောင်တာ ဖြစ်ပါတယ်။

ပိတ်ရက်ကို ၁၀ ရက် ပြန်လည် သတ်မှတ်ဖို့အတွက် အလုပ်သမား၊ အလုပ်ရှင်နဲ့ အစိုးရ သုံးပွင့်ဆိုင် ဆွေးနွေးဖို့ တောင်းဆိုခဲ့ပါတယ်။

အစိုးရကတော့ တရားဝင် ရုံးပိတ်ရက်ဟာ ၅ ရက်ဖြစ်ပေမယ့် အလုပ်ရှင်များအနေနဲ့ ၁၀ ရက် အထိရအောင် ရန်ကုန်နဲ့ မန္တလေး စက်မှုဇုန်တွေမှာ ညှိနှိုင်းမှုတွေ လုပ်ခဲ့ကြပါတယ်။ ဒါ့အပြင် အလုပ်ရှင်တွေအနေနဲ့ တနည်းနည်းနဲ့ သင်္ကြန်ပိတ်ရက် ၁၀ ရက် ညှိနှိုင်းကြဖို့ ကြေညာချက် ထုတ်ပြန်ထားပေမယ့် တချို့သော အလုပ်သမားများဟာ အစိုးရ ထုတ်ပြန်ချက်အရ ပိတ်ရက် ၅ ရက်သာ ခံစားခွင့် ရှိမယ့် အခြေအနေ ကြုံနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)