Myanmar Idol Season 2 ရဲ့ winner သားငယ် ရရှိ

0
1774

ဂီတချစ်ပရိသတ်များရဲ့ စိတ်ဝင်စားမှုအများဆုံး ရရှိထားတဲ့ Myanmar Idol season 2 ရဲ့ Grand Final ပွဲကို မတ်လ ၂၅ ရက်နေ့ စနေနေ့ ည ၇ နာရီခွဲမှာ စတင်ကျင်းပခဲ့ရာမှာ ပြိုင်ပွဲဝင် နှစ်ဦးဖြစ်တဲ့ သားငယ်နဲ့ ဘီလီလမင်းအေးတို့ ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲဝင် အမှတ်စဉ် ၂ သားငယ် က winner ဖြစ်ခဲ့ခြင်းပါ။

Myanmar Idol Season 2 ရဲ့ winner သားငယ် (ဓာတ်ပုံ – Myanmar Idol / Facebook)

ပြိုင်ပွဲဝင်နှစ်ဦးဟာ စိတ်ကြိုက် ရွေးချယ်ခဲ့တဲ့သီချင်း၊ ဒိုင်တွေ ရွေးချယ်ပေးတဲ့သီချင်း၊ တေးရေး ရဲလေးရေးဖွဲ့တဲ့ ဒီလမ်းကလေး သီချင်းများနဲ့ ပြိုင်ပွဲဝင်ခဲ့ကြပါတယ်။

Grand Final ပြိုင်ပွဲဖြစ်တာကြောင့် ပြိုင်ပွဲစတင်တာနဲ့ ပရိသတ်များက vote ပေးခဲ့ခြင်းဖြစ်ကာ ပြိုင်ပွဲဝင်များရဲ့ သီဆိုမှု ပြီးဆုံးချိန်မှာ vote ပိတ်ခဲ့ခြင်းဖြစ်ပါတယ်။

ပြိုင်ပွဲမှာ နောက်ဆုံး ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲဝင်နှစ်ဦးရဲ့ သီဆိုယှဉ်ပြိုင်မှု ပြီးဆုံးတဲ့အချိန်မှာ ယခင်က ပြိုင်ပွဲမှ နုတ်ဆက် ထွက်ခွာခဲ့ရတဲ့ ပြိုင်ပွဲဝင် ၈ ဦးက ပါဝင်ဖျော်ဖြေခဲ့တာကြောင့်Myanmar Idol season 2 ကို အစဉ်တစိုက် အားပေးခဲ့ကြတဲ့ ပရိသတ်များ အလွမ်းပြေဖြစ်ခဲ့ရပါတယ်။

Myanmar Idol Season 2 ရဲ့ winner သားငယ် နဲ့ ဇနီး (ဓာတ်ပုံ – Myanmar Idol / Facebook)

ဒါ့အပြင် အကဲဖြတ်ဒိုင်တွေ ဖြစ်တဲ့ မြန်မာပြည်သိန်းတန်၊ မေဆွိ၊ တင်ဇာမော်နဲ့ အကယ်ဒမီ ထွန်းအိန္ဒြာဗိုလ်တို့က ပါဝင်အားဖြည့်ကာ ဖျော်ဖြေခဲ့ကြပါတယ်။

Myanmar Idol ပြိုင်ပွဲဝင်များကို ရွေးချယ်တဲ့အခါမှာ ပရိသတ်များအနေနဲ့ vote ပေးတဲ့အခါမှာ Facebook လင့်ခ်မှနေ အကောင့်တစ်ခုကို one vote ပေးရသလို MPT ဖုန်းများနဲ့ ပေးတဲ့အခါမှာတော့ အကန့်အသတ်မရှိ မဲ့ပေးခွင့်ရှိပါတယ်။

သို့သော်လည်း ဖိုင်နယ်ပြိုင်ပွဲမှာ ပရိသတ်များက သူတို့နှစ်သက်တဲ့ ပြိုင်ပွဲဝင်ကို MPT ဖုန်းများနဲ့ မဲပေးတဲ့အခါမှာ တစ်ချို့သော မက်ဆေ့ခ်ျများကို MPT က လက်ခံခြင်း မရှိတာတွေ၊ ပို့လို့မရတာတွေ စတဲ့ အခက်အခဲများ ရှိခဲ့ပါတယ်။ အဲဒီ အတွက်ကြောင့် Myanmar Idol ပြိုင်ပွဲအပေါ်မှာ စိတ်ပျက်မိတာမျိုးတွေ ဖြစ်ရတယ်လို့ ဝေဖန်ချက်တွေ ရှိခဲ့ပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)