သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့မှာ ရဲအင်အား ရှစ်ထောင်ကျော် အသုံးပြုကာ လုံခြုံေ၇း ဆောင်ရွက်သွားမယ်

0
308

သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့မှာ ရဲအင်အား ရှစ်ထောင်ကျော် အသုံးပြုကာ လုံခြုံေ၇း ဆောင်ရွက်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်း ရဲ့ ပြောကြားချက်ကို ကိုးကားပြီး နိုင်ငံပိုင် မီဒီယာက ဖော်ပြလိုက်တာဖြစ်ပါတယ်။ ဒီလိုတာဝန်ချထား ရာမှာ လုပ်ငန်းကော်မတီ (၁၁)ခု ဖွဲ့စည်းထားပြီး ကော်မတီတွေကိုတော့ အစိုးရသစ် တက်လာမှသာ အမည်ပေး ဆောင်ရွက်သွားမှာလည်းဖြစ်ပါတယ်။ တာဝန်ချထားမယ့် ရဲတပ်ဖွဲ့ဝင်တွေဟာ မြို့တွင်း ဧရိယာအတွင်း မီးတန်း လှည့်ကင်းယာဉ်တွေနဲ့ လှည့်လည်မယ့်အပြင် ခိုက်ရန်ဖြစ်ပွားမှု မရှိဖို့၊ အန္တရာယ်ရှိတဲ့နေရာတွေမှာ အရက်သေစာ မသောက်စားဖို့စတာတွေကို လှည့်လည်စစ်ဆေးသွားမှာဖြစ်ပါတယ်။ လက်ရှိ နောက်ဆုံး သတင်းတွေအရက် လမ်းဘေး အရက်ဘီယာ ရောင်းချမှုတွေကို ဖမ်းဆီးအရေးယူသွားဖို့အထိ စီစဉ်ထားတယ်လို့ သိရပါတယ်။

MCN နေ့စဉ် ရုပ်သံသတင်းအစီအစဉ် ၂၀၁၆ခုနှစ်၊ မတ်လ (၂၅) ရက် သောကြာနေ့
မြန်မာစံတော်ချိန် ညနေ (၁၈း၀၀) နာရီ

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)