အစိုးရသစ် ပြောင်းလဲချိန်မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်ဖို့ အကျဉ်းကျသူတွေက မျှော်လင့်နေကြ

0
273

အစိုးရသစ်စတင် ပြောင်းလဲချိန်မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်ကြဖို့ အကျဉ်းကျသူတွေက မျှော်လင့်နေကြတယ်လို့ ပုဒ်မ(၁၈)နဲ့ အရေးယူခံထားပြီး အချုပ်ကျနေတဲ့ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူအဖွဲ့အစည်းက အမျိုးသမီးရေးရာတာဝန်ခံ မမီးမီးက ပြောပါတယ်။ အစိုးရ အပြောင်းအလဲ ဖြစ်တိုင်း အကျဉ်းကျနေသူတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပြုကြတဲ့ အစဉ်အလာရှိတာကြောင့် အခုလို မျှော်လင့်ကြတာ လည်း ဖြစ်ပါတယ်။ စစ်အစိုးရလက်ထပ်ကနေ ဦးသိန်းစိန် အစိုးရလက်ထပ်အထိ မကြာခဏဆိုသလို လွတ်ငြိမ်းချမ်းသာခွင့်တွေ ပြုလုပ်ပေးနေပေမယ့် လက်ရှိအချိန်အထိ နိုင်ငံရေးအကျဉ်းသားတွေ ကျန်ရှိနေသေး တယ်လို့ ပြောဆိုမှုတွေရှိနေတာဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဦးဆောင်တဲ့ အစိုးတက် လာပါက အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသားတွေ မရှိအောင် ဆောင်ရွက်ပေးမယ်လို့ မျှော်လင့်မှုတွေ လည်းရှိနေတာဖြစ်ပါတယ်။

MCN နေ့စဉ် ရုပ်သံသတင်းအစီအစဉ် ၂၀၁၆ခုနှစ်၊ မတ်လ (၂၅) ရက် သောကြာနေ့
မြန်မာစံတော်ချိန် ညနေ (၁၈း၀၀) နာရီ

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)