တရားရုံးကိုသွားတဲ့ အခါမှာ အချုပ်သားတွေနဲ့ အချုပ်ကား မညီမျှတဲ့ အတွက် အခက်ခဲတွေရှိနေ

0
344

တရားရုံးကို တရားရင်ဆိုင်ဖို့ သွားတဲ့ အခါမှာ အချုပ်သားတွေနဲ့ အချုပ်ကား မညီမျှတဲ့ အတွက် အခက်ခဲတွေရှိနေပြီး မလိုလားအပ်တဲ့ ပြသနာတွေ ပေါ်ပေါက်လာနိုင်တယ်လို့ ဒီကနေ့ မတ်လ (၂၅)ရက်နေ့မှာ မင်္ဂလာတောင်ညွန့် တရားရုံးကို လာရောက်တရားရင်ဆိုင်ခဲ့တဲ့ ၈၈မျိုးဆက်ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့ အဖွဲ့အစည်းက မမီးမီးက ပြောကြားလိုက်ပါတယ်။ မမီးမီးဟာ ကမာရွတ်မြို့နယ်အတွင်း ကျောင်းသားများ ဆန္ဒပြရာမှာ ပါဝင်ခဲ့တဲ့အတွက် ပုဒ်မ (၁၈)နဲ့ တရားစွဲဆိုခံထားရတာဖြစ်ပါတယ်။ တရားရုံးကို လာရောက်စဉ် အချုပ်ကားပေါ်ရှိ အမျိုးသမီးအခန်းဟာ လူ(၄)ယောက်သာ ထိုင်လျက်အနေအထား ဆံ့နိုင်ပေမယ့် (၁၅)ယောက်လောက်အထိ တင်ဆောင်ကြ တာတွေရှိတာဖြစ်ပါတယ်။ ဒီလို အခက်အခဲဖြစ်ပေါ်တာကို တာဝန်ရှိသူတွေကို ပြောကြားတဲ့အခါ အခြားအချုပ်ကားတွေဟာ ရဲဖက်စခန်းကို အချုပ်သားတွေ သွားရောက်ပို့ ဆောင်နေတဲ့အတွက် ဒီလိုတင်ဆောင်ရတာဖြစ်တယ်လို့လဲ ပြန်လည်ပြောဆိုကြောင့် မမီးမီးကပြောကြားတာဖြစ်ပါတယ်။

MCN နေ့စဉ် ရုပ်သံသတင်းအစီအစဉ် ၂၀၁၆ခုနှစ်၊ မတ်လ (၂၅) ရက် သောကြာနေ့
မြန်မာစံတော်ချိန် ညနေ (၁၈း၀၀) နာရီ

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)