တပ္မေတာ္ ေခါင္းေဆာင္ေတြကို ႏိုင္ငံတကာတရား႐ံုး တင္ပို႔အေရးယူႏိုင္ဖို႔ အကြက္ခ် ေဆာင္ရြက္မႈကို ကန္႔ကြက္

0
1090

တပ္မေတာ္ ထိပ္ပိုင္းေခါင္းေဆာင္ေတြကို ႏိုင္ငံတကာတရား႐ံုးဆီ တင္ပို႔အေရးယူႏိုင္ဖို႔ အကြက္ခ် ေဆာင္ရြက္ေနတာေတြကို ၂၁ ပါတီက ဆန္႔က်င့္ကန္႔ကြက္ေၾကာင္း ထုတ္ေဖာ္ ေျပာၾကားလိုက္ပါတယ္။

(Photo / EPA/ LYNN BO BO / POOL)

ေဖေဖာ္၀ါရီလလ ၂၅ ရက္ေန႔က ရန္ကုန္ၿမိဳ႕မွာျပဳလုပ္တဲ ႏိုင္ငံေရးပါတီ ၂၁ ပါတီ ေတြ႔ဆံုပြဲမွာ ေဆြးေႏြးခဲ့တဲ့ ေဆြးေႏြးမႈ ေကာက္ႏႈတ္ခ်က္မွာ အဲ့ဒီလို ကန္႔ကြက္ထားတာပါ။

အဲ့ဒီေၾကညာခ်က္ထဲမွာေတာ့ ရခိုင္ျပည္နယ္အတြင္း ျဖစ္ေပၚေနတဲ့ အေရးကိစၥေတြဟာ ႏိုင္ငံေတာ္နဲ႔ ႏိုင္ငံသားေတြအတြက္ အလြန္စိုးရိမ္ဖြယ္ရာ အႏၱရာယ္ျဖစ္လာႏိုင္တဲ့အျပင္ အင္အားႀကီး ႏိုင္ငံေတြနဲ႔ ႏိုင္ငံတကာ အဖြဲ႔အစည္းေတြက အစီအစဥ္ရွိရွိ ဖိအားေပး အက်ပ္ကိုင္တာေတြကို ဆန္႔က်င္ကန္႔ကြက္တယ္လို႔လည္း ေဖာ္ျပထားတာပါ။

ဒါ့အျပင္ NLD အစိုးရအေနနဲ႔ အခ်ဳပ္အျခာအာဏာပိုင္ဆိုင္မႈနဲ႔ နယ္နိမိတ္တည္တံ့ခိုင္ၿမဲေရးအတြက္ ျပတ္ျပတ္သားသား ရပ္တည္ကာကြယ္ဖို႔ တာ၀န္ရွိတယ္လို႔လည္း သတိေပးေျပာၾကားထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တပ်မတော် ခေါင်းဆောင်တွေကို နိုင်ငံတကာတရားရုံး တင်ပို့အရေးယူနိုင်ဖို့ အကွက်ချ ဆောင်ရွက်မှုကို ကန့်ကွက်

တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေကို နိုင်ငံတကာတရားရုံးဆီ တင်ပို့အရေးယူနိုင်ဖို့ အကွက်ချ ဆောင်ရွက်နေတာတွေကို ၂၁ ပါတီက ဆန့်ကျင့်ကန့်ကွက်ကြောင်း ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

ဖေဖော်ဝါရီလလ ၂၅ ရက်နေ့က ရန်ကုန်မြို့မှာပြုလုပ်တဲ နိုင်ငံရေးပါတီ ၂၁ ပါတီ တွေ့ဆုံပွဲမှာ ဆွေးနွေးခဲ့တဲ့ ဆွေးနွေးမှု ကောက်နှုတ်ချက်မှာ အဲ့ဒီလို ကန့်ကွက်ထားတာပါ။

အဲ့ဒီကြေညာချက်ထဲမှာတော့ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေတဲ့ အရေးကိစ္စတွေဟာ နိုင်ငံတော်နဲ့ နိုင်ငံသားတွေအတွက် အလွန်စိုးရိမ်ဖွယ်ရာ အန္တရာယ်ဖြစ်လာနိုင်တဲ့အပြင် အင်အားကြီး နိုင်ငံတွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက အစီအစဉ်ရှိရှိ ဖိအားပေး အကျပ်ကိုင်တာတွေကို ဆန့်ကျင်ကန့်ကွက်တယ်လို့လည်း ဖော်ပြထားတာပါ။

ဒါ့အပြင် NLD အစိုးရအနေနဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနဲ့ နယ်နိမိတ်တည်တံ့ခိုင်မြဲရေးအတွက် ပြတ်ပြတ်သားသား ရပ်တည်ကာကွယ်ဖို့ တာဝန်ရှိတယ်လို့လည်း သတိပေးပြောကြားထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)