
0
918


EPA-EFE/LYNN BO BO



>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာ့မြေပိုင်နက်တွေကို No Man’s Land အဖြစ် စတင်ခေါ်ဝေါ် သုံးစွဲမှုကို ပြင်းထန်စွာ ကန့်ကွက်

မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြားက မြန်မာ့မြေပိုင်နက်တွေကို No Man’s Land အဖြစ် စတင်ခေါ်ဝေါ် သုံးစွဲမှုတွေကို နိုင်ငံရေးပါတီ ၂၁ ပါတီက ပြင်းထန်စွာ ဆန့်ကျင် ကန့်ကွက်ကြောင်း ပြောကြားလိုက်ပါတယ်။

ဖေဖော်ဝါရီလလ ၂၅ ရက်နေ့က ရန်ကုန်မြို့မှာပြုလုပ်တဲ့ နိုင်ငံရေးပါတီ ၂၁ ပါတီ တွေ့ဆုံပွဲမှာ ဆွေးနွေးခဲ့တဲ့ ဆွေးနွေးချက်တွေကို ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက Facebook လူမှုကွန်ရက်စာမျက်နှာက တဆင့် ပြောကြားလိုက်တာပါ။

ဒီလိုပြောကြားရာမှာတော့ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြားမှာ No Man’s Land လို့ သတ်မှတ်ခေါ်ဝေါ်နိုင်တဲ့နယ်မြေ လုံးဝမရှိဘဲ မြန်မာ့ပိုင်နက် နယ်မြေတွေကို No Man’s Land အဖြစ် စတင် ခေါ်ဝေါ် သုံးစွဲမှုတွေနဲ့ သတ်မှတ်ဖို့ ကြံစည်အားထုတ်မှုတွေကို ပြင်းထန်စွာ ကန့်ကွက်တယ်လို့လည်း ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)