စစ္ေတြ ေပါက္ကြဲမႈ သံသယျဖင့္ ဖမ္းဆီးခံထားရသူ ၄ ဦးကို ရမန္ယူ

0
872

စစ္ေတြၿမိဳ႕မွာေပါက္ကြဲမႈျဖစ္ပြားခဲ့တာနဲ႔ ပတ္သက္လို႔ သံသယရွိသူေတြကို ထပ္မံခ်ဳပ္ထားခြင့္အတြက္ ဒီကေန႔ စစ္ေတြၿမိဳ႕နယ္တရားရံုးမွာ ေန႔လည္ ၂ နာရီခြဲအခ်ိန္က ႐ံုးထုတ္ ရမန္ယူလိုက္ၿပီျဖစ္ပါတယ္။

အဲဒီဖမ္းဆီးခံထားရသူ ၄ ဦးတို႔ကို စစ္ေတြၿမိဳ႕မရဲစခန္း အမွတ္ ၁ မွာစစ္ေဆးမႈေတြျပဳလုပ္ေနတာျဖစ္ၿပီး ထပ္မံစစ္ေဆးမႈေတြျပဳလုပ္ႏိုင္ေရးအတြက္ အၾကမ္းဖက္မႈ ကာကြယ္တိုက္ဖ်က္ေရးဆိုင္ရာ ဥပေဒပုဒ္မ ၅၀ (က) (ဈ) အရ ခ်ဳပ္ခြင့္ တစ္ပတ္ယူခဲ့တာျဖစ္ပါတယ္။

ဖမ္းဆီးခံထားရသူေတြအေနနဲ႔ ေဖာက္ခြဲမႈျဖစ္စဥ္မွာ ပါဝင္ပတ္သက္မႈ မရွိတာကို ျပည္သူေတြ သိရွိေစလိုေၾကာင္းနဲ႔ ဥပေဒအရ မွန္မွန္ကန္ကန္ျဖစ္ေစလိုေၾကာင္း ရံုးထုတ္လာစဥ္မွာ ကိုႏိုင္စိုးက ေျပာၾကား ခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

စစ်တွေ ပေါက်ကွဲမှု သံသယဖြင့် ဖမ်းဆီးခံထားရသူ ၄ ဦးကို ရမန်ယူ

စစ်တွေမြို့မှာပေါက်ကွဲမှုဖြစ်ပွားခဲ့တာနဲ့ ပတ်သက်လို့ သံသယရှိသူတွေကို ထပ်မံချုပ်ထားခွင့်အတွက် ဒီကနေ့ စစ်တွေမြို့နယ်တရားရုံးမှာ နေ့လည် ၂ နာရီခွဲအချိန်က ရုံးထုတ် ရမန်ယူလိုက်ပြီဖြစ်ပါတယ်။

အဲဒီဖမ်းဆီးခံထားရသူ ၄ ဦးတို့ကို စစ်တွေမြို့မရဲစခန်း အမှတ် ၁ မှာစစ်ဆေးမှုတွေပြုလုပ်နေတာဖြစ်ပြီး ထပ်မံစစ်ဆေးမှုတွေပြုလုပ်နိုင်ရေးအတွက် အကြမ်းဖက်မှု ကာကွယ်တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေပုဒ်မ ၅၀ (က) (ဈ) အရ ချုပ်ခွင့် တစ်ပတ်ယူခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးခံထားရသူတွေအနေနဲ့ ဖောက်ခွဲမှုဖြစ်စဉ်မှာ ပါဝင်ပတ်သက်မှု မရှိတာကို ပြည်သူတွေ သိရှိစေလိုကြောင်းနဲ့ ဥပဒေအရ မှန်မှန်ကန်ကန်ဖြစ်စေလိုကြောင်း ရုံးထုတ်လာစဉ်မှာ ကိုနိုင်စိုးက ပြောကြား ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)