ကိုကာကိုလာစက္ရုံ ၀န္ထမ္းေတြဆႏၵျပ (႐ုပ္/သံ)

0
913

ကိုကာကိုလာစက္ရုံ ရဲ့ေျပာင္းလဲလိုက္တဲ့မူ၀ါဒ အရ အလုပ္သမား ၁၆၆ဦးကို အလုပ္ထုတ္လိုက္တဲ႔အတြက္ စက္ရံု၀န္ထမ္းတခ်ိဳ႕က ဆႏၵျပခဲ့ၾကပါတယ္။ဒီသတင္းကိုMCNသတင္းေထာက္ေမာင္ထက္ကေပးပို႔ထားပါတယ္။

ကိုကာကိုလာကုမၸဏီရဲ႕ ကုန္ပစၥည္း သယ္ယူပို႔ေဆာင္ေရး လုပ္ငန္းစဥ္ေတြမွာ ျပင္ပ က်ြမ္းက်င္ ကုန္ပစၥည္း ပို႔ေဆာင္ေရး ကုမၸဏီေတြနဲ႔ လုပ္ကိုင္ဖို႔ ေျပာင္းလဲလိုက္တ့ဲ မူဝါဒအရ အျမဲတမ္း၀န္ထမ္းအေယာက္ ၉၀ အပါအ၀င္ အလုပ္သမား ၁၆၆ေယာက္ကို အလုပ္က ထုတ္ပယ္ခဲ့ပါတယ္ ။

ဒါနဲ႔ပက္သက္ျပီးအလုပ္သမားေတြကို ဆက္လက္အလုပ္မထုတ္ဖို႔နဲ႔ကိုကာကိုလာ ၀န္ထမ္းေတြ အလုပ္အကိုင္ အာမခံခ်က္ရရွိဖို႔ စက္ရံုဝန္ထမ္းတခ်ိဳ႕က ေမွာ္ဘီၿမိဳ႕နယ္မွာ ေဖေဖာ္၀ါရီလ ၂၅ရက္ေန႔က ဆႏၵေဖာ္ထုတ္ခ့ဲၾကတာပါ ။

Soundbite- ကိုစိုးကိုကိုႏိုင္ (ဥကၠဌ)လႈိင္သာယာျမိဳ႕နယ္၊ကိုကာကိုလာအေျခခံအလုပ္သမားသမဂၢ

ကိုကာကိုလာစက္ရံုဟာ လက္ရွိမွာ အလုပ္ထုတ္ထားတဲ႔ အလုပ္သမား၁၆၆ေယာက္ကို ေလ်ာ္ေၾကးေပးမယ္လို႔ ညိႈႏႈိ္င္းထားေပမယ့္ စက္ရံု၀န္ထမ္းေတြက သူတို႔ကို ေနာက္ထပ္ အလုပ္ထုတ္မႈေတြရွိလာမွာကို စိုးရိမ္ေနၾကတာပါ။

Soundbite-ကိုမိုးေက်ာ္ေအာင္(ဥကၠဌ) ေမွာ္ဘီျမိဳ႕နယ္၊ကိုကာကိုလာအေျခခံအလုပ္သမားသမဂၢ

လက္ရွိျဖစ္ေပၚေနတဲ႔အေျခအေနေတြနဲ႔ပက္သက္ျပီး ကိုကာကိုလာစက္ရုံ ဘက္ကေတာ့ အလုပ္သမားေတြကို သူတို႔လုပ္ငန္း ဒါမွမဟုတ္ မိတ္ဘက္ ျဖစ္လာမယ့္ ကုန္ပစၥည္း သယ္ယူပို႔ေဆာင္ေရး ဝန္ေဆာင္မႈကုမၸဏီေတြမွာ အလုပ္ေနရာေျပာင္းေရြ႔ေပးႏိုင္ဖို႔ ႀကိဳစားေပးေနတယ္လို႔ ထုတ္ျပန္ထားပါတယ္ ။ ဒါ့အျပင္ အလုပ္ေနရာ မေပးႏိုင္သူေတြအတြက္ကိုလဲ နစ္နာမႈ မရွိေအာင္ ျပည္တြင္းမွာ ျပဌာန္းထားတ့ဲ ဥပေဒအတိုင္း အက်ိဳးခံစားမႈေတြ ေပးမယ္လို႔ ထုတ္ျပန္ခ်က္မွာေဖာ္ျပထားပါတယ္ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကိုကာကိုလာစက်ရုံ ရဲ့ပြောင်းလဲလိုက်တဲ့မူဝါဒ အရ အလုပ်သမား ၁၆၆ဦးကို အလုပ်ထုတ်လိုက်တဲ့အတွက် စက်ရုံဝန်ထမ်းတချို့က ဆန္ဒပြခဲ့ကြပါတယ်။ဒီသတင်းကိုMCNသတင်းထောက်မောင်ထက်ကပေးပို့ထားပါတယ်။

ကိုကာကိုလာကုမ္ပဏီရဲ့ ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းစဉ်တွေမှာ ပြင်ပ ကျွမ်းကျင် ကုန်ပစ္စည်း ပို့ဆောင်ရေး ကုမ္ပဏီတွေနဲ့ လုပ်ကိုင်ဖို့ ပြောင်းလဲလိုက်တဲ့ မူဝါဒအရ အမြဲတမ်းဝန်ထမ်းအယောက် ၉၀ အပါအဝင် အလုပ်သမား ၁၆၆ယောက်ကို အလုပ်က ထုတ်ပယ်ခဲ့ပါတယ် ။

ဒါနဲ့ပက်သက်ပြီးအလုပ်သမားတွေကို ဆက်လက်အလုပ်မထုတ်ဖို့နဲ့ကိုကာကိုလာ ဝန်ထမ်းတွေ အလုပ်အကိုင် အာမခံချက်ရရှိဖို့ စက်ရုံဝန်ထမ်းတချို့က မှော်ဘီမြို့နယ်မှာ ဖေဖော်ဝါရီလ ၂၅ရက်နေ့က ဆန္ဒဖော်ထုတ်ခဲ့ကြတာပါ ။

Soundbite- ကိုစိုးကိုကိုနိုင် (ဥက္ကဌ)လှိုင်သာယာမြို့နယ်၊ကိုကာကိုလာအခြေခံအလုပ်သမားသမဂ္ဂ

ကိုကာကိုလာစက်ရုံဟာ လက်ရှိမှာ အလုပ်ထုတ်ထားတဲ့ အလုပ်သမား၁၆၆ယောက်ကို လျော်ကြေးပေးမယ်လို့ ညှိုနှိ်ုင်းထားပေမယ့် စက်ရုံဝန်ထမ်းတွေက သူတို့ကို နောက်ထပ် အလုပ်ထုတ်မှုတွေရှိလာမှာကို စိုးရိမ်နေကြတာပါ။

Soundbite-ကိုမိုးကျော်အောင်(ဥက္ကဌ) မှော်ဘီမြို့နယ်၊ကိုကာကိုလာအခြေခံအလုပ်သမားသမဂ္ဂ

လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ပက်သက်ပြီး ကိုကာကိုလာစက်ရုံ ဘက်ကတော့ အလုပ်သမားတွေကို သူတို့လုပ်ငန်း ဒါမှမဟုတ် မိတ်ဘက် ဖြစ်လာမယ့် ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုကုမ္ပဏီတွေမှာ အလုပ်နေရာပြောင်းရွေ့ပေးနိုင်ဖို့ ကြိုစားပေးနေတယ်လို့ ထုတ်ပြန်ထားပါတယ် ။ ဒါ့အပြင် အလုပ်နေရာ မပေးနိုင်သူတွေအတွက်ကိုလဲ နစ်နာမှု မရှိအောင် ပြည်တွင်းမှာ ပြဌာန်းထားတဲ့ ဥပဒေအတိုင်း အကျိုးခံစားမှုတွေ ပေးမယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)