အမ်ိဳးသမီးေတြအေပၚ ဥပေဒက ထိေရာက္တဲ႔ အကာအကြယ္မေပးႏိုင္ဘူးလို႔ YWCA ေျပာ(႐ုပ္/သံ)

0
886

အမ်ိဳးသမီးေတြအေပၚ ဥပေဒအရ ထိေရာက္တဲ႔ အကာအကြယ္မေပးႏိုင္တဲ႔အတြက္ အၾကမ္းဖက္မႈေတြနဲ႔ မုဒိမ္းမႈေတြ က်ဴးလြန္ခံေနရတာ ျဖစ္တယ္လို႔ ျမန္မာႏိုင္ငံယုဝတီခရစ္ယာန္အသင္း (YWCA) က ေျပာပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ တင္ေမာင္ေထြးက ေပးပို႔ထားပါတယ္။

ျမန္မာတစ္ႏိုင္ငံလံုးအတိုင္းအတာအရ ၿပီးခဲ့တဲ့ ၂၀၁၇ ခုႏွစ္အတြင္းမွာ အသက္ ၁၆ ႏွစ္ေအာက္ သက္ငယ္ မုဒိမ္းမႈ ၉၀၀ နီးပါးနဲ႔ အသက္ ၁၆ ႏွစ္အထက္ မုဒိမ္းမႈ ၅၀၀ ေက်ာ္ စုစုေပါင္းအမႈ ၁၄၀၀ ေက်ာ္ ျဖစ္ပြားခဲ့တာျဖစ္ၿပီး ၂၀၁၆ ခုႏွစ္ထက္ အမႈ ၃၀၀ ေက်ာ္ တိုးပြားလာတာျဖစ္ပါတယ္ ။

အဲဒီလို အၾကမ္းဖက္မႈနဲ႔ မုဒိမ္မႈက်ဴးလြန္တာေတြ တစ္ႏွစ္ထက္ တစ္ႏွစ္တိုးပြားလာေနတာက အမ်ိဳးသမီးေတြ အေပၚ ဥပေဒအရ ထိေရာက္တဲ႔ အကာအကြယ္မေပးႏိုင္တာေၾကာင့္လို႔ ျမန္မာႏိုင္ငံယုဝတီခရစ္ယာန္အသင္း (YWCA) က ေျပာပါတယ္။

Soundbite – မေနာ္လယ္ခူေဖါ (စီမံကိန္းညႊန္ၾကားေရးမွဴး) ျမန္မာႏိုင္ငံယုဝတီခရစ္ယာန္အသင္း (YWCA)

ျမန္မာႏိုင္ငံယုဝတီခရစ္ယာန္အသင္း (YWCA) အေနနဲ႔ အၾကမ္းဖက္မႈနဲ႔ မုဒိမ္မႈက်ဴး လြန္ခံရသူေတြကို အေထာက္အပံ႔ေပးႏိုင္ဖို႔ရည္ရြယ္ၿပီး Thursday in Bkack Day နဲ႔ အမ်ိဳးသမီးလက္မႈပစၥည္း ျပပြဲ ေတြ ျပဳလုပ္ေနတာျဖစ္ပါတယ္ ။ ဒါအျပင္ အၾကမ္းဖက္ခံအမ်ိဳးသမီးေတြနဲ႔ မုဒိမ္းမႈက်ဴးလြန္ခံရတဲ႔ အမ်ိဳးသမီးေတြအျပင္ စစ္ေဘးဒဏ္သင့္အမ်ိဳးသမီးေတြ အတြက္ အသက္ေမြးသင္တန္းေတြနဲ႔ ဖြံ႔ၿဖိဳးေရးလုပ္ငန္းေတြမွာ အေထာက္အပံ႔ေပးသြားဖို႔ရွိေနတာပါ ။

Soundbite – မေနာ္လယ္ခူေဖါ (စီမံကိန္းညႊန္ၾကားေရးမွဴး) ျမန္မာႏိုင္ငံယုဝတီခရစ္ယာန္အသင္း (YWCA)

ျမန္မာႏိုင္ငံယုဝတီခရစ္ယာန္အသင္း (YWCA) ဟာ အမ်ိဳးသမီးအသက္ေမြးသင္တန္းေက်ာင္းေတြနဲ႔ က်န္းမာေရး အသိပညာေပးလႈပ္ရွားမႈေတြကို ရန္ကုန္၊ မႏၱေလးအပါအဝင္ ျပည္နယ္နဲ႔တိုင္း ၁၁ ခုမွာ လုပ္ေဆာင္ေနတာ ျဖစ္ပါတယ္ ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အမျိုးသမီးတွေအပေါ် ဥပဒေအရ ထိရောက်တဲ့ အကာအကွယ်မပေးနိုင်တဲ့အတွက် အကြမ်းဖက်မှုတွေနဲ့ မုဒိမ်းမှုတွေ ကျူးလွန်ခံနေရတာ ဖြစ်တယ်လို့ မြန်မာနိုင်ငံယုဝတီခရစ်ယာန်အသင်း (YWCA) က ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် တင်မောင်ထွေးက ပေးပို့ထားပါတယ်။

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအရ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်အတွင်းမှာ အသက် ၁၆ နှစ်အောက် သက်ငယ် မုဒိမ်းမှု ၉၀ဝ နီးပါးနဲ့ အသက် ၁၆ နှစ်အထက် မုဒိမ်းမှု ၅၀ဝ ကျော် စုစုပေါင်းအမှု ၁၄၀ဝ ကျော် ဖြစ်ပွားခဲ့တာဖြစ်ပြီး ၂၀၁၆ ခုနှစ်ထက် အမှု ၃၀ဝ ကျော် တိုးပွားလာတာဖြစ်ပါတယ် ။

အဲဒီလို အကြမ်းဖက်မှုနဲ့ မုဒိမ်မှုကျူးလွန်တာတွေ တစ်နှစ်ထက် တစ်နှစ်တိုးပွားလာနေတာက အမျိုးသမီးတွေ အပေါ် ဥပဒေအရ ထိရောက်တဲ့ အကာအကွယ်မပေးနိုင်တာကြောင့်လို့ မြန်မာနိုင်ငံယုဝတီခရစ်ယာန်အသင်း (YWCA) က ပြောပါတယ်။

Soundbite – မနော်လယ်ခူဖေါ (စီမံကိန်းညွှန်ကြားရေးမှူး) မြန်မာနိုင်ငံယုဝတီခရစ်ယာန်အသင်း (YWCA)

မြန်မာနိုင်ငံယုဝတီခရစ်ယာန်အသင်း (YWCA) အနေနဲ့ အကြမ်းဖက်မှုနဲ့ မုဒိမ်မှုကျူး လွန်ခံရသူတွေကို အထောက်အပံ့ပေးနိုင်ဖို့ရည်ရွယ်ပြီး Thursday in Bkack Day နဲ့ အမျိုးသမီးလက်မှုပစ္စည်း ပြပွဲ တွေ ပြုလုပ်နေတာဖြစ်ပါတယ် ။ ဒါအပြင် အကြမ်းဖက်ခံအမျိုးသမီးတွေနဲ့ မုဒိမ်းမှုကျူးလွန်ခံရတဲ့ အမျိုးသမီးတွေအပြင် စစ်ဘေးဒဏ်သင့်အမျိုးသမီးတွေ အတွက် အသက်မွေးသင်တန်းတွေနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ အထောက်အပံ့ပေးသွားဖို့ရှိနေတာပါ ။

Soundbite – မနော်လယ်ခူဖေါ (စီမံကိန်းညွှန်ကြားရေးမှူး) မြန်မာနိုင်ငံယုဝတီခရစ်ယာန်အသင်း (YWCA)

မြန်မာနိုင်ငံယုဝတီခရစ်ယာန်အသင်း (YWCA) ဟာ အမျိုးသမီးအသက်မွေးသင်တန်းကျောင်းတွေနဲ့ ကျန်းမာရေး အသိပညာပေးလှုပ်ရှားမှုတွေကို ရန်ကုန်၊ မန္တလေးအပါအဝင် ပြည်နယ်နဲ့တိုင်း ၁၁ ခုမှာ လုပ်ဆောင်နေတာ ဖြစ်ပါတယ် ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)