ၿငိမ္း စု စီ ျပင္ဆင္တဲ့ ဥပေဒၾကမ္း ဖြဲ႕စည္းပံု အေျခခံဥပေဒနဲ႔ ဆန္႔က်င္ေနဟုဆို

0
908

ၿငိမ္း စု စီ လို႔ ေခၚတဲ့ ၿငိမ္းခ်မ္းစြာစုေဝးျခင္းႏွင့္ ၿငိမ္းခ်မ္းစြာ စီတန္းလွည့္ လည္ျခင္းဆိုင္ရာဥပေဒ ကို ျပင္ဆင္တဲ့ ဥပေဒၾကမ္း ဖြဲ႔စည္းပံု အေျခခံဥပေဒနဲ႔ ဆန္႔က်င္ေနတယ္လို႔ ႀကံ့ခိုင္ေရးပါတီအပါအ၀င္ ႏိုင္ငံေရးပါတီ ၂၁ ပါတီက ၾကညာလိုက္ပါတယ္။

ေဖေဖာ္၀ါရီလ ၂၅ ရက္ေန႔ ရက္စြဲနဲ႔ ၂၁ ပါတီက ေခါင္းေဆာင္ေတြ လက္မွတ္ေရးထိုး ထုတ္ျပန္တဲ့ သေဘာထား ေၾကညာခ်က္မွာ ဒီလိုေဖာ္ျပထားတာပါ။ အဲ့ဒီ ေၾကညာခ်က္ထဲမွာေတာ့ ၿငိမ္း စု စီ ဥပေဒၾကမ္းဟာ ဖြဲ႔စည္းပံုအေျခခံဥပေဒ ပုဒ္မ ၃၅၄ အရ ေပးအပ္ထားတဲ့ ႏိုင္ငံသားေတြရဲ႕ မူလအခြင့္အေရးေတြနဲ႔ ဆန္က်င္တယ္လို႔လည္း ေဖာ္ျပထားပါတယ္။

ဒါ့အျပင္ ဒီဥပေဒၾကမ္း ဟာ ႏိုင္ငံသားေတြရဲ႕ မူလအခြင့္အေရးကို ေလ်ာ့ပါးေအာင္ စီမံဖန္တီးမႈျဖစ္ၿပီး အာဏာပိုင္ေတြရဲ႕ လုပ္ရပ္ အလြဲအမွားေတြကို ဘယ္သူမွ ေထာက္ျပဆန္႔က်င္တာမ်ိဳး မလုပ္ရဲေအာင္ ထိန္းခ်ဳပ္မႈအျဖစ္ ရႈျမင္တယ္လို႔လည္း ေဖာ္ျပထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ငြိမ်း စု စီ ပြင်ဆင်တဲ့ ဥပဒေကြမ်း ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ဆန့်ကျင်နေဟုဆို

ငြိမ်း စု စီ လို့ ခေါ်တဲ့ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့် လည်ခြင်းဆိုင်ရာဥပဒေ ကို ပြင်ဆင်တဲ့ ဥပဒေကြမ်း ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ဆန့်ကျင်နေတယ်လို့ ကြံ့ခိုင်ရေးပါတီအပါအဝင် နိုင်ငံရေးပါတီ ၂၁ ပါတီက ကြညာလိုက်ပါတယ်။

ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ရက်စွဲနဲ့ ၂၁ ပါတီက ခေါင်းဆောင်တွေ လက်မှတ်ရေးထိုး ထုတ်ပြန်တဲ့ သဘောထား ကြေညာချက်မှာ ဒီလိုဖော်ပြထားတာပါ။ အဲ့ဒီ ကြေညာချက်ထဲမှာတော့ ငြိမ်း စု စီ ဥပဒေကြမ်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄ အရ ပေးအပ်ထားတဲ့ နိုင်ငံသားတွေရဲ့ မူလအခွင့်အရေးတွေနဲ့ ဆန်ကျင်တယ်လို့လည်း ဖော်ပြထားပါတယ်။

ဒါ့အပြင် ဒီဥပဒေကြမ်း ဟာ နိုင်ငံသားတွေရဲ့ မူလအခွင့်အရေးကို လျော့ပါးအောင် စီမံဖန်တီးမှုဖြစ်ပြီး အာဏာပိုင်တွေရဲ့ လုပ်ရပ် အလွဲအမှားတွေကို ဘယ်သူမှ ထောက်ပြဆန့်ကျင်တာမျိုး မလုပ်ရဲအောင် ထိန်းချုပ်မှုအဖြစ် ရှုမြင်တယ်လို့လည်း ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)