ျမန္မာႏိုင္ငံဟာ သမိုင္းတစ္ေလၽွာက္ စိန္ေခၚမႈ အမ်ားဆုံး အခ်ိန္ ေရာက္ရွိေနဟုဆို

0
916

ျမန္မာႏိုင္ငံဟာ သမိုင္းတစ္ေလၽွာက္ အကူးအေျပာင္း အလြန္ကာလမွာ စိန္ေခၚမႈ အမ်ားဆုံးႀကဳံေတြ႕ေနရတဲ့ အခ်ိန္ကာလမွာ ေရာက္ရွိေနတယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားလိုက္ပါတယ္။

ေဖေဖာ္ဝါရီလ ၂၆ ရက္ေန႔က ေနျပည္ေတာ္ရွိ ျမန္မာအျပည္ျပည္ဆိုင္ရာကြန္ဗင္းရွင္းဗဟိုဌာန (၂) မွာ ျပဳလုပ္ခဲ့တဲ့ Development Effectiveness Roundtable အခမ္းအနားမွာ ေျပာၾကားတဲ့ မိန္႔ခြန္းမွာ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားလိုက္တာပါ။

ဒီလိုေျပာၾကားရာမွာေတာ့ ႀကံဳေတြ႔ေနရတဲ့ စိန္ေခၚမႈေတြဟာ ႏိုင္ငံရဲ႕ ဒီမိုကေရစီ ခိုင္မာေရးအတြက္ အေျခခံအုတ္ျမစ္ျဖစ္တဲ့ ၿငိမ္းခ်မ္းေရးနဲ႔ အမ်ိဳးသားရင္ၾကားေစ့ေရးအတြက္ ကတိကဝတ္ေတြ ခိုင္မာအားေကာင္းလာေစမယ့္ အခြင့္အလမ္းတစ္ခု ျဖစ္လာတယ္လို႔လည္း ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားခဲ့တာျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မန်မာနိုင်ငံဟာ သမိုင်းတစ်လျှောက် စိန်ခေါ်မှု အများဆုံး အချိန် ရောက်ရှိနေဟုဆို

မြန်မာနိုင်ငံဟာ သမိုင်းတစ်လျှောက် အကူးအပြောင်း အလွန်ကာလမှာ စိန်ခေါ်မှု အများဆုံးကြုံတွေ့နေရတဲ့ အချိန်ကာလမှာ ရောက်ရှိနေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၂) မှာ ပြုလုပ်ခဲ့တဲ့ Development Effectiveness Roundtable အခမ်းအနားမှာ ပြောကြားတဲ့ မိန့်ခွန်းမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်တာပါ။

ဒီလိုပြောကြားရာမှာတော့ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေဟာ နိုင်ငံရဲ့ ဒီမိုကရေစီ ခိုင်မာရေးအတွက် အခြေခံအုတ်မြစ်ဖြစ်တဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားရင်ကြားစေ့ရေးအတွက် ကတိကဝတ်တွေ ခိုင်မာအားကောင်းလာစေမယ့် အခွင့်အလမ်းတစ်ခု ဖြစ်လာတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)