ေရႊ႕ေျပာင္းအလုပ္သမားေတြရဲ႕ ေရႊေငြပစၥည္း ခိုးယူသူ ႏွစ္ေယာက္ ဖမ္းမိ

0
926

ထိုင္းႏိုင္ငံမွာ ျမန္မာေရႊ႕ေျပာင္း အလုပ္သမားေတြရဲ႕ ေရႊေငြပစၥည္းေတြ လိုက္လံခိုးယူေနသူ ႏွစ္ေယာက္ကို AAC အဖြဲ႕နဲ႔ ေစတနာ့၀န္ထမ္း လူငယ္ေတြက ေဖာ္ထုတ္ဖမ္းဆီးႏိုင္ခဲ့ၿပီး ထိုင္းအာဏာပိုင္ေတြဆီ လႊဲေျပာင္း ေပးအပ္ႏုိင္ခဲ့ပါတယ္။

အခုဖမ္းဆီးရမိသူ နွစ္ေယာက္ဟာ ျမန္မာအလုပ္သမားေတြေနထိုင္တဲ့အခန္းေတြကို အခန္းပိုင္ရွင္ေတြ အလုပ္သြားခ်ိန္မွာ အခန္းေဖာက္ၿပီး ေရႊေငြပစၥည္းေတြကို လိုက္လံခိုးယူေနတာ ႏွစ္ႏွစ္နီးပါး ရွိၿပီျဖစ္ပါတယ္။

သူတို႔ကို ဖမ္းဆီးမိတာက ျမန္မာလုပ္သားေတြရဲ႕ အခန္းကိုေဖာက္ၿပီး ေရႊထည္ေတြနဲ႔ ဖံုးေတြခိုးယူ သြားတဲ႔အတြက္ ခိုးယူခံရသူေတြက AAC အဖြဲ႕ကို အကူအညီေတာင္းခဲ့တဲ့အတြက္ စံုစမ္းေဖာ္ထုတ္ ဖမ္းဆီးနိုင္ခဲ့တာျဖစ္ပါတယ္။

ေရႊထည္နဲ႔ ေငြေၾကး ပစၥည္းေတြခိုးယူတာေၾကာင့္ ဖမ္းဆီးထားတဲ႔သူနွစ္ေယာက္ဟာ သီဟမ်ိဳး ( ေခၚ) အလင္း နဲ႔ ေအာင္မ်ိဳးမင္းတို႔ျဖစ္ျပီး မြန္ျပည္နယ္ က်ိဳကၼေရာၿမိဳ႕နယ္ ဇာတိျဖစ္ေၾကာင္းသိရပါတယ္ ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ရွှေငွေပစ္စည်း ခိုးယူသူ နှစ်ယောက် ဖမ်းမိ

ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ရွှေငွေပစ္စည်းတွေ လိုက်လံခိုးယူနေသူ နှစ်ယောက်ကို AAC အဖွဲ့နဲ့ စေတနာ့ဝန်ထမ်း လူငယ်တွေက ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး ထိုင်းအာဏာပိုင်တွေဆီ လွှဲပြောင်း ပေးအပ်နိုင်ခဲ့ပါတယ်။

အခုဖမ်းဆီးရမိသူ နှစ်ယောက်ဟာ မြန်မာအလုပ်သမားတွေနေထိုင်တဲ့အခန်းတွေကို အခန်းပိုင်ရှင်တွေ အလုပ်သွားချိန်မှာ အခန်းဖောက်ပြီး ရွှေငွေပစ္စည်းတွေကို လိုက်လံခိုးယူနေတာ နှစ်နှစ်နီးပါး ရှိပြီဖြစ်ပါတယ်။

သူတို့ကို ဖမ်းဆီးမိတာက မြန်မာလုပ်သားတွေရဲ့ အခန်းကိုဖောက်ပြီး ရွှေထည်တွေနဲ့ ဖုံးတွေခိုးယူ သွားတဲ့အတွက် ခိုးယူခံရသူတွေက AAC အဖွဲ့ကို အကူအညီတောင်းခဲ့တဲ့အတွက် စုံစမ်းဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။

ရွှေထည်နဲ့ ငွေကြေး ပစ္စည်းတွေခိုးယူတာကြောင့် ဖမ်းဆီးထားတဲ့သူနှစ်ယောက်ဟာ သီဟမျိုး ( ခေါ်) အလင်း နဲ့ အောင်မျိုးမင်းတို့ဖြစ်ပြီး မွန်ပြည်နယ် ကျိုက္မရောမြို့နယ် ဇာတိဖြစ်ကြောင်းသိရပါတယ် ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)