၂၀၁၈ ခုႏွစ္ထဲမွာ မ်ားျပားလွတဲ့ ျပဳျပင္ေျပာင္းလဲေရးေတြကို စတင္ေနၿပီဟုဆို

0
878

၂၀၁၈ ခုႏွစ္ထဲမွာ မ်ားျပားလွတဲ့ ျပဳျပင္ေျပာင္းလဲေရးေတြကို စတင္ေနၿပီလို႔ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားလိုက္ပါတယ္။

ေဖေဖာ္ဝါရီလ ၂၆ ရက္ေန႔က ေနျပည္ေတာ္ရွိ ျမန္မာအျပည္ျပည္ဆိုင္ရာကြန္ဗင္းရွင္းဗဟိုဌာန (၂) မွာ ျပဳလုပ္ခဲ့တဲ့ Development Effectiveness Roundtable အခမ္းအနားမွာ ေျပာၾကားတဲ့ မိန္႔ခြန္းမွာ ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားလိုက္တာပါ။

ဒီလိုေျပာၾကားရာမွာေတာ့ NLD အစိုးရအေနနဲ႔ ၂၀၁၈ ခုႏွစ္ထဲမွာ ဘ႑ာေရးႏွစ္ပုံစံသစ္ ေျပာင္းလဲလိုက္တာနဲ႔အတူ မ်ားျပားလွတဲ့ ျပဳျပင္ေျပာင္းလဲမႈေတြ စတင္ေနတယ္လို႔ ေျပာၾကားလိုက္တာပါ။

ဒါ့အျပင္ ျမန္မာႏိုင္ငံအေနနဲ႔ ဒီကေန႔ရင္ဆိုင္ေနရတဲ့ စိန္ေခၚမႈေတြကို ေက်ာ္ျဖတ္ လြန္ေျမာက္ဖို႔ စိတ္အားထက္သန္ေနၿပီး ေနာက္တစ္ေန႔မွာ ရင္ဆိုင္ရမယ့္ အခက္အခဲ ေတြကိုလည္း ႀကိဳဆိုလက္ခံၿပီး ရင္ဆိုင္ေက်ာ္ျဖတ္သြားမယ္လို႔လည္း ထည့္သြင္းေျပာၾကားခဲ့တာျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

၂၀၁၈ ခုနှစ်ထဲမှာ များပြားလှတဲ့ ပြုပြင်ပြောင်းလဲရေးတွေကို စတင်နေပြီဟုဆို

၂၀၁၈ ခုနှစ်ထဲမှာ များပြားလှတဲ့ ပြုပြင်ပြောင်းလဲရေးတွေကို စတင်နေပြီလို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၂) မှာ ပြုလုပ်ခဲ့တဲ့ Development Effectiveness Roundtable အခမ်းအနားမှာ ပြောကြားတဲ့ မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်တာပါ။

ဒီလိုပြောကြားရာမှာတော့ NLD အစိုးရအနေနဲ့ ၂၀၁၈ ခုနှစ်ထဲမှာ ဘဏ္ဍာရေးနှစ်ပုံစံသစ် ပြောင်းလဲလိုက်တာနဲ့အတူ များပြားလှတဲ့ ပြုပြင်ပြောင်းလဲမှုတွေ စတင်နေတယ်လို့ ပြောကြားလိုက်တာပါ။

ဒါ့အပြင် မြန်မာနိုင်ငံအနေနဲ့ ဒီကနေ့ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ကျော်ဖြတ် လွန်မြောက်ဖို့ စိတ်အားထက်သန်နေပြီး နောက်တစ်နေ့မှာ ရင်ဆိုင်ရမယ့် အခက်အခဲ တွေကိုလည်း ကြိုဆိုလက်ခံပြီး ရင်ဆိုင်ကျော်ဖြတ်သွားမယ်လို့လည်း ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)