
0
873




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရှမ်းပြည်နယ်မှာ ကားတစ်စီးကို လက်နက်ကိုင်အဖွဲ့က သေနတ် နဲ့ ပစ်ခတ်

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ ကျောင်းကုန်းကျေးရွာမှာ နွားတွေ သယ်ဆောင်လာတဲ့ ကုန်တင်ယာဉ် တစ်စီးကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က သေနတ်နဲ့ ဝိုင်းဝန်းပစ်ခတ်ခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ ကျောင်းကုန်းကျေးရွာ နဲ့ နောင်ပြစ်ကျေးရွာ လမ်းခွဲအနီးမှာ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က နောင်ချိုကနေ ကျောက်မဲကို ကျွဲ၊ နွား တွေ သယ်ဆောင်လာတဲ့ကုန်တင်ယာဉ်ကို လက်နက် ကိုင်အဖွဲ့တစ်ဖွဲ့က သေနတ်တွေနဲ့ ဝိုင်းပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ပစ်ခတ်မှုမှာ လူသေဆုံးမှု မရှိခဲ့ပေမယ့် ယာဉ်မောင်းအပါအဝင် လူသုံးဦးဒဏ်ရာရရှိခဲ့ပါတယ်

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)