ကျောင်းသားသမဂ္ဂ အဆောက်အအုံ ပြန်လည်တည်ဆောက်မယ့် စီမံကိန်းကို မန္တလေးမှာ ကန့်ကွက်

0
290

ရန်ကုန်တက္ကသိုလ်အတွင်းက ကျောင်းသားသမဂ္ဂ အဆောက်အအုံ ပြန်လည်တည်ဆောက်မယ့် စီမံကိန်းကို ကန့်ကွက်ကြောင်း မန္တလေးမြို့မှာ တက္ကသိုလ်ကျောင်းသားသမဂ္ဂ ကျောင်းသားတွေ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဖေဖော်ဝါရီလ (၂၆) ရက်နေ့က မန္တလေးမြို့မှာ မန္တလေး၊ စစ်ကိုင်း၊ မုံရွာ၊ ဗန်းမော်၊ မြစ်ကြီးနားနဲ့ ဧရာဝတီတိုင်းဒေသကြီးထဲရှိ တက္ကသိုလ်တွေက ကျောင်းသူ ကျောင်းသား ၁၀၀ နီးပါး ပါဝင်ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

ဒီဆန္ဒထုတ်ဖော်မှုကို ဒီမိုကရေစီပညာရေးသပိတ်ဖြိုခွင်းခံရမှု နှစ်နှစ်ပြည့် အထိမ်းအမှတ် အနေနဲ့လည်း ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

အဲ့ဒီလို ဆန္ဒထုတ်ဖော်တဲ့နေရာမှာတော့ ကျောင်းသားသမဂ္ဂအဆောက်အအုံ ပြန်လည်တည်ဆောက်မယ့် စီမံကိန်းကို ကန့်ကွက်ကြောင်း၊ ဒီမိုကရေစီပညာရေးစနစ် ဖော်ဆောင်ဖို့၊ ကျောင်းသားသမဂ္ဂတွေကို လွတ်လပ်စွာဖွဲ့စည်းခွင့်ပေးဖို့ စတဲ့အချက်တွေကိုလည်း ကျောင်းသား၊ ကျောင်းသူတွေက တောင်းဆိုခဲ့ကြတာပါ။

ဆန္ဒပြ တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေဟာ ၂၆ လမ်းရှိ နာရီစင်ထောင့်က စတင်ကာ ၈၄ လမ်း တလျှောက် မန္တလေးဘုရားကြီးကို လမ်းလျှောက် ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြတာလဲဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)