ထိုင်းနိုင်ငံမှာ မြန်မာအမျိုးသမီးတစ်ဦးဆီကနေ မူးယစ်ဆေးပြား အလုံးရေ (၂) သိန်းကျော် ဖမ်းဆီးရမိ

0
289

ထိုင်းနိုင်ငံ၊ ကန်ကျနဘူရီခရိုင်၊ လာ့ဒ်ယါ့၊ စိုင်ယို့က်ရပ်ကွက်ထဲမှာ နေထိုင်တဲ့ မဇာဇာသူ ဆီကနေ ဖေဖော်ဝါရီလ (၂၄) ရက်နေ့က မူးယစ်ဆေးပြား အလုံးရေ (၂) သိန်းကျော်ကို ထိုင်းရဲတပ်ဖွဲ့နဲ့ ထိုင်စစ်တပ်က ပူးပေါင်းဖမ်းဆီးလိုက်တယ်လို့ ထိုင်းအစိုးရက သတင်း ထုတ်ပြန်လိုက်ပါတယ်။

မူးယစ်ဆေးဝါး တရားခံလို စွတ်စွဲခံနေရသူ မဇာဇာသူဟာ မြန်မာနိုင်ငံဘက်ကို ကားနဲ့ ဖြတ်ကျော်ဖို့ ကြိုးစားနေစဉ်မှာ ထိုင်းရဲတပ်ဖွဲ့နဲ့ ထိုင်းစစ်တပ်က အခုလို ဖမ်းဆီးရမိခဲ့တာပါ။

မူးယစ်ဆေးပြား ဖမ်းဆီးရမိခဲ့တဲ့ကားထဲမှာ မြန်မာနိုင်ငံအတွင်း  အသုံးပြုနေတဲ့ ကားနံပါတ်တစ်ခု တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးပြားတွေရဲ့ နောက်ကွယ်မှာ မြန်မာနိုင်ငံသား မောင်နိုင်နဲ့ ထိုင်းနိုင်ငံသား တစ်ယောက်လည်း ပါဝင်နေပြီး သူတို့နှစ်ယောက်ဟာ ထွက်ပြေး တိမ်းရှောင်နေတာကြောင့် ဖမ်းဆီးရမိဖို့အတွက် ထိုင်းစစ်တပ်နဲ့ ထိုင်းရဲတပ်ဖွဲ့က အရေးတကြီးရှာဖွေနေတာလည်ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)