ဆႏၵျပ ေက်ာင္းသားေတြကို ေက်ာင္းထုတ္ပယ္မႈ ဗကသမ်ားအဖြဲ႔ခ်ဳပ္ ျပင္းထန္စြာကန္႔ကြက္

0
2186

ပညာေရးအသံုးစရိတ္ျမႇင္တင္ေရး ဆႏၵျပ ေက်ာင္းသားေတြကို ေက်ာင္းထုတ္ပယ္မႈကို ဗမာႏိုင္ငံလံုးဆိုင္ရာ ေက်ာင္းသားသမဂၢမ်ားအဖြဲ႔ခ်ဳပ္က ျပင္းထန္စြာကန္႔ကြက္လိုက္ပါတယ္။

ဇန္န၀ါရီလ ၂၆ ရက္ေန႔ ရက္စြဲနဲ႔ ဗကသမ်ားအဖြဲ႔ခ်ဳပ္ (အထက္ဗမာျပည္) ကေန ေၾကညာခ်က္ ထုတ္ျပန္ေျပာၾကားလိုက္တာပါ။

အဲ့ဒီေၾကညာခ်က္ထဲမွာေတာ့ ေနာက္ဆက္တြဲ ေပၚေပါက္လာမယ့္ ျပႆနာကိစၥရပ္ေတြအားလံုးဟာ ရတနာပံုတကၠသိုလ္ ေက်ာင္းအာဏာပိုင္အဖြဲ႔ရဲ႕ တာ၀န္သာ ျဖစ္လိမ့္မယ္လို႔လည္း သတိေပးထားပါတယ္။

လက္ရွိအေျခအေနမွာဆိုရင္ေတာ့ ပညာေရး အသံုးစရိတ္ တိုးျမႇင့္ေပးဖို႔ အေရးဆိုခဲ့ၾကတဲ့ ရတနာပံု တကၠသိုလ္ ေက်ာင္းသား/ေက်ာင္းသူ ၉ ေယာက္ကို ရတနာပံု တကၠသိုလ္၊ သင္တန္းေရးရာ၊ ဌာနပါေမာကၡခ်ဳပ္ ကိုယ္စား ဌာနမွဴး ဦးေဇာ္မင္းဦးက  လက္မွတ္ေရးထိုးၿပီး  ေက်ာင္းကေန ထုတ္ပယ္ထားတာျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဆန္ဒပြ ကျောင်းသားတွေကို ကျောင်းထုတ်ပယ်မှု ဗကသများအဖွဲ့ချုပ် ပြင်းထန်စွာကန့်ကွက်

ပညာရေးအသုံးစရိတ်မြှင်တင်ရေး ဆန္ဒပြ ကျောင်းသားတွေကို ကျောင်းထုတ်ပယ်မှုကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ပြင်းထန်စွာကန့်ကွက်လိုက်ပါတယ်။

ဇန်နဝါရီလ ၂၆ ရက်နေ့ ရက်စွဲနဲ့ ဗကသများအဖွဲ့ချုပ် (အထက်ဗမာပြည်) ကနေ ကြေညာချက် ထုတ်ပြန်ပြောကြားလိုက်တာပါ။

အဲ့ဒီကြေညာချက်ထဲမှာတော့ နောက်ဆက်တွဲ ပေါ်ပေါက်လာမယ့် ပြဿနာကိစ္စရပ်တွေအားလုံးဟာ ရတနာပုံတက္ကသိုလ် ကျောင်းအာဏာပိုင်အဖွဲ့ရဲ့ တာဝန်သာ ဖြစ်လိမ့်မယ်လို့လည်း သတိပေးထားပါတယ်။

လက်ရှိအခြေအနေမှာဆိုရင်တော့ ပညာရေး အသုံးစရိတ် တိုးမြှင့်ပေးဖို့ အရေးဆိုခဲ့ကြတဲ့ ရတနာပုံ တက္ကသိုလ် ကျောင်းသား/ကျောင်းသူ ၉ ယောက်ကို ရတနာပုံ တက္ကသိုလ်၊ သင်တန်းရေးရာ၊ ဌာနပါမောက္ခချုပ် ကိုယ်စား ဌာနမှူး ဦးဇော်မင်းဦးက လက်မှတ်ရေးထိုးပြီး ကျောင်းကနေ ထုတ်ပယ်ထားတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)