ေမာင္ေတာၿမိဳ႕နယ္ရွိ အုန္းေတာရြာမွာ အေဝးထိန္းစနစ္သံုး မုိင္း (၁) လုံးေတြ႔ရွိ

0
2263

ေမာင္ေတာၿမိဳ႕နယ္ရွိ အုန္းေတာရြာမွာ အေဝးထိန္းစနစ္သံုး မုိင္း (၁) လုံး ဇန္န၀ါရီလ ၂၅ ရက္ေန႔ မနက္ပိုင္းက ေတြ႕ရွိခဲ့တယ္လို႔ အစိုးရက သတင္းထုတ္ျပန္ထားပါတယ္။

ေမာင္ေတာၿမိဳ႕နယ္၊ နယ္ေျမ(၈) မွာရွိတဲ့ အုန္းေတာ (ဘဂၤါလီ/ မီးေလာင္ျပင္) ရြာေဟာင္းမွာ ရွင္းလင္းေရး ျပဳလုပ္စဥ္ ေတြ႔ရွိခဲ့တာလို႔ သတင္းထုတ္ျပန္ခ်က္က ဆိုပါတယ္။

အဲ့ဒီမိုင္းနဲ႔ ဆားကစ္ျပား တစ္ခု၊ ၉ ဗို႔ဘက္ထရီ တစ္ခုတို႔ကိုလည္း ရွာေဖြေတြ႕ရွိၿပီး သက္မဲ့ျပဳလုပ္ႏိုင္ခဲ့တာပါ။

 ဒီလို မုိင္းေတြ႕ရွိရတဲ့ ေနရာတစ္ဝိုက္ကို လံုၿခံဳေရးတပ္ဖြဲ႕ဝင္ေတြက မုိင္းရွင္းလင္းေရး လုပ္ငန္းေတြ ေဆာင္ရြက္ေနတယ္လို႔လည္း သတင္းထုတ္ျပန္ထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>

မောင်တောမြို့နယ်ရှိ အုန်းတောရွာမှာ အဝေးထိန်းစနစ်သုံး မိုင်း (၁) လုံးတွေ့ရှိ

မောင်တောမြို့နယ်ရှိ အုန်းတောရွာမှာ အဝေးထိန်းစနစ်သုံး မိုင်း (၁) လုံး ဇန်နဝါရီလ ၂၅ ရက်နေ့ မနက်ပိုင်းက တွေ့ရှိခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။
မောင်တောမြို့နယ်၊ နယ်မြေ(၈) မှာရှိတဲ့ အုန်းတော (ဘင်္ဂါလီ/ မီးလောင်ပြင်) ရွာဟောင်းမှာ ရှင်းလင်းရေး ပြုလုပ်စဉ် တွေ့ရှိခဲ့တာလို့ သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။
အဲ့ဒီမိုင်းနဲ့ ဆားကစ်ပြား တစ်ခု၊ ၉ ဗို့ဘက်ထရီ တစ်ခုတို့ကိုလည်း ရှာဖွေတွေ့ရှိပြီး သက်မဲ့ပြုလုပ်နိုင်ခဲ့တာပါ။
ဒီလို မိုင်းတွေ့ရှိရတဲ့ နေရာတစ်ဝိုက်ကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မိုင်းရှင်းလင်းရေး လုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)