ရခုိင္က ယာယီခုိလႈံေရး စခန္းေတြ ပိတ္သိမ္းဖို႔ ဆြစ္ဇာလန္ ေတာင္းဆို

0
2597

ရခုိင္ျပည္နယ္အတြင္း လြတ္လပ္စြာ လုပ္ကုိင္သြားလာခြင့္နဲ႔ ယာယီခုိလႈံေရး စခန္းေတြ ပိတ္သိမ္းဖို႔ ျမန္မာအစိုးရကို ဆြစ္ဇာလန္က ေတာင္းဆိုလိုက္ပါတယ္။

 

 

ဇန္န၀ါရီလ ၂၆ ရက္ေန႔က လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာဝင္းျမတ္ေအးကို ဆြစ္ဇာလန္ ႏုိင္ငံ၊ ဖြံ႔ၿဖိဳးတုိးတက္ေရးႏွင့္ပူးေပါင္းေဆာင္ရြက္ေရးေအဂ်င္စီရဲ႕ ညႊန္ၾကားေရးမွဴးခ်ဳပ္ သံအမတ္ႀကီး H.E. Mr. Manuel Sager က ေတြ႔ဆံုစဥ္ အဲ့ဒီလို ေတာင္းဆိုလိုက္တာပါ။

ဒီလိုေတာင္းဆိုတဲ့အျပင္ ရခုိင္ျပည္နယ္အတြက္ လုိအပ္တဲ့ ေနရာေတြမွာ ေထာက္ပံ့မႈေတြ ေပးႏုိင္ဖို႔ကိစၥနဲ႔ ႏုိင္ငံသားစိစစ္ေရးလုပ္ငန္းေတြကိုပါ ေဆြးေႏြးခဲ့ၾကတာလို႔ အစိုးရက သတင္းထုတ္ျပန္ထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရခိုင်က ယာယီခိုလှုံရေး စခန်းတွေ ပိတ်သိမ်းဖို့ ဆွစ်ဇာလန် တောင်းဆို

ရခိုင်ပြည်နယ်အတွင်း လွတ်လပ်စွာ လုပ်ကိုင်သွားလာခွင့်နဲ့ ယာယီခိုလှုံရေး စခန်းတွေ ပိတ်သိမ်းဖို့ မြန်မာအစိုးရကို ဆွစ်ဇာလန်က တောင်းဆိုလိုက်ပါတယ်။

ဇန်နဝါရီလ ၂၆ ရက်နေ့က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကို ဆွစ်ဇာလန် နိုင်ငံ၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီရဲ့ ညွှန်ကြားရေးမှူးချုပ် သံအမတ်ကြီး H.E. Mr. Manuel Sager က တွေ့ဆုံစဉ် အဲ့ဒီလို တောင်းဆိုလိုက်တာပါ။

ဒီလိုတောင်းဆိုတဲ့အပြင် ရခိုင်ပြည်နယ်အတွက် လိုအပ်တဲ့ နေရာတွေမှာ ထောက်ပံ့မှုတွေ ပေးနိုင်ဖို့ကိစ္စနဲ့ နိုင်ငံသားစိစစ်ရေးလုပ်ငန်းတွေကိုပါ ဆွေးနွေးခဲ့ကြတာလို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)