အရည္အေသြးရွိတဲ့ ပညာေရးစနစ္ျဖစ္ဖို႔ မိသားစုစိတ္ဓာတ္နဲ႔ အားလံုး ပါ၀င္ဖို႔လို ဟုဆို

0
2141

အရည္အေသြးရွိတဲ့ ပညာေရးစနစ္ျဖစ္ဖို႔ မိသားစုစိတ္ဓာတ္နဲ႔ အားလံုး ၀ိုင္း၀န္း ပူးေပါင္း ေဆာင္ရြက္ၾကဖို႔ လိုတယ္လို႔ ပညာေရး၀န္ႀကီးက ေျပာၾကားလိုက္ပါတယ္။

ပညာေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး မ်ိဳးသိမ္းႀကီးက ဇန္န၀ါရီလ ၂၆ ရက္ေန႔က ေနျပည္ေတာ္မွာလုပ္တဲ့ ပညာေရးဝန္ႀကီးဌာန ဝန္ထမ္းစြမ္းေဆာင္ရည္ျမွင့္တင္မႈ သင္တန္း ဆင္းလက္မွတ္ခ်ီးျမွင့္ပြဲ အခမ္းအနားမွာ ေျပာၾကားလိုက္တာပါ။

ဒီလိုေျပာၾကားရာမွာေတာ့ ပညာေရး ဝန္ႀကီးဌာနအေနနဲ႔ အမ်ဳိးသားပညာေရး မဟာဗ်ဴဟာ စီမံကိန္း(၂၀၁၆-၂၀၂၁) ကုိ အေကာင္အထည္ေဖာ္ ေဆာင္ရြက္လ်က္ရွိၿပီး ပညာသင္ယူမႈ အခြင့္အလမ္း ျမင့္မားေရးနဲ႔ အရည္အေသြးျပည့္ဝတဲ့ ပညာေရးစနစ္ကုိ ဦးတည္ အေကာင္အထည္ေဖာ္ ေဆာင္ရြက္ေနတယ္လို႔လည္း ထည့္သြင္းေျပာၾကားခဲ့တာျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အရည်အသွေးရှိတဲ့ ပညာရေးစနစ်ဖြစ်ဖို့ မိသားစုစိတ်ဓာတ်နဲ့ အားလုံး ပါဝင်ဖို့လို ဟုဆို

အရည်အသွေးရှိတဲ့ ပညာရေးစနစ်ဖြစ်ဖို့ မိသားစုစိတ်ဓာတ်နဲ့ အားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြဖို့ လိုတယ်လို့ ပညာရေးဝန်ကြီးက ပြောကြားလိုက်ပါတယ်။

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး မျိုးသိမ်းကြီးက ဇန်နဝါရီလ ၂၆ ရက်နေ့က နေပြည်တော်မှာလုပ်တဲ့ ပညာရေးဝန်ကြီးဌာန ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်မှု သင်တန်း ဆင်းလက်မှတ်ချီးမြှင့်ပွဲ အခမ်းအနားမှာ ပြောကြားလိုက်တာပါ။

ဒီလိုပြောကြားရာမှာတော့ ပညာရေး ဝန်ကြီးဌာနအနေနဲ့ အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်း(၂၀၁၆-၂၀၂၁) ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ပညာသင်ယူမှု အခွင့်အလမ်း မြင့်မားရေးနဲ့ အရည်အသွေးပြည့်ဝတဲ့ ပညာရေးစနစ်ကို ဦးတည် အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့လည်း ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)