ျပန္လည္လက္ခံေရး ျမန္မာဘက္က အသင့္ျဖစ္ေပမယ့္ ျပန္လာမယ့္သူေတြ မရွိ

0
2461

ဘဂၤလားေဒ့ရွ္ဘက္ ေရာက္ရွိေနသူေတြကို ျမန္မာႏိုင္ငံဘက္က ျပန္လည္လက္ခံေရး ဇန္န၀ါရီလ (၂၃) ရက္ေန႔က အဆင္သင့္ျဖစ္ေပမယ့္ ျပန္လာမယ့္သူေတြ မရွိတဲ့အျပင္ ဘဂၤလားေဒ့ရွ္ဘက္က ျပန္ပို႔ရမယ့္ လူစာရင္းလည္း ေရာက္မလားဘူးလို႔ ျမန္မာအစိုးရက ေျပာၾကားလိုက္ပါတယ္။

လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာဝင္းျမတ္ေအးကို ႏိုင္ငံပိုင္သတင္းစာေတြက ေတြ႔ဆံုေမးျမန္းစဥ္ အဲ့ဒီလို ေျပာၾကားလိုက္တာပါ။

အဲ့ဒီလို ေျပာၾကားရာမွာေတာ့ ျပန္လည္လက္ခံေရးအတြက္ လုပ္ေဆာင္ရမယ့္လုပ္ငန္းေတြအားလုံး အဆင္သင့္ျဖစ္ေနတဲ့ အတြက္ေၾကာင့္လာမယ့္ရက္ကို ပဲေစာင့္ဖို႔ လိုတယ္လို ႔ေျပာၾကား ခဲ့တာျဖစ္ပါတယ္။

ဒါ့အျပင္ ျပန္လာမယ့္ လူဦးေရစာရင္းကို ဘဂၤလားေဒ့ရွ္ ႏိုင္ငံအေနနဲ႔ ဘယ္အခ်ိန္မွာ ပို႔မယ္ဆိုတာ ဆက္သြယ္ ေမးျမန္းမႈေတြ လုပ္ဖို႔ရွိေနတယ္လို႔လည္း ေဒါက္တာ၀င္းျမတ္ေအးက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပြန်လည်လက်ခံရေး မြန်မာဘက်က အသင့်ဖြစ်ပေမယ့် ပြန်လာမယ့်သူတွေ မရှိ

ဘင်္ဂလားဒေ့ရှ်ဘက် ရောက်ရှိနေသူတွေကို မြန်မာနိုင်ငံဘက်က ပြန်လည်လက်ခံရေး ဇန်နဝါရီလ (၂၃) ရက်နေ့က အဆင်သင့်ဖြစ်ပေမယ့် ပြန်လာမယ့်သူတွေ မရှိတဲ့အပြင် ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်ပို့ရမယ့် လူစာရင်းလည်း ရောက်မလားဘူးလို့ မြန်မာအစိုးရက ပြောကြားလိုက်ပါတယ်။

မှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကို နိုင်ငံပိုင်သတင်းစာတွေက တွေ့ဆုံမေးမြန်းစဉ် အဲ့ဒီလို ပြောကြားလိုက်တာပါ။

အဲ့ဒီလို ပြောကြားရာမှာတော့ ပြန်လည်လက်ခံရေးအတွက် လုပ်ဆောင်ရမယ့် လုပ်ငန်းတွေအားလုံး အဆင်သင့် ဖြစ်နေတဲ့အတွက်ကြောင့် လာမယ့်ရက်ကိုပဲ စောင့်ဖို့လိုတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ပြန်လာမယ့် လူဦးရေစာရင်းကို ဘင်္ဂလားဒေ့ရှ် နိုင်ငံအနေနဲ့ ဘယ်အချိန်မှာ ပို့မယ်ဆိုတာ ဆက်သွယ် မေးမြန်းမှုတွေ လုပ်ဖို့ရှိနေတယ်လို့လည်း ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

 

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)