ရစ္ခ်တ္ဆန္ရဲ႕ စြပ္စြဲမႈေတြ တရားမဝင္ဘူးလို႔ ေတာင္အာဖရိက ကာကြယ္ေရးဝန္ႀကီးေဟာင္း ေျပာ

0
2622

အႀကံေပးေကာ္မတီကေန ရပ္စဲလိုက္တဲ့ မစၥတာ ဘီလ္ ရစ္ခ်တ္ဆန္ရဲ႕ စြပ္စြဲမႈေတြဟာ တရားမဝင္ဘူးလို႔ ရခိုင္ျပည္နယ္ဆိုင္ရာ အႀကံျပဳခ်က္မ်ားအေပၚ အေကာင္အထည္ေဖာ္ ေဆာင္ရြက္ေရး ေကာ္မတီဝင္ တစ္ဦးျဖစ္တဲ့ မစၥတာ ႐ိုးေလာ့ဖ္ ပီထ႐ူးစ္ ေမယာက တံု႔ျပန္လိုက္ပါတယ္။

မစၥတာ ရစ္ခ်တ္ဆန္ရဲ႕ သေဘာထား ထုတ္ျပန္မႈဟာ အနည္းငယ္ အေဆာတလ်င္ ျဖစ္တယ္၊ ကြ်န္ေတာ္တို႔ ထုတ္တဲ့ ေၾကညာခ်က္မွာ ပါတဲ့အတိုင္း သူ႔ရဲ႕ သေဘာထားဟာ တရားဝင္မႈ မရွိဘူးလို႔ ေတာင္အာဖရိက ကာကြယ္ေရးဝန္ႀကီးေဟာင္း မစၥတာ ေမယာက VOA သတင္းဌာနကို ေျပာထားပါတယ္။

တာဝန္က မရပ္စဲမီ ႏွစ္ရက္ကတည္းက မစၥတာ ရစ္ခ်တ္ဆန္ဟာ အစီအစဥ္ ေတာ္ေတာ္ မ်ားမ်ားမွာ ပူးေပါင္း ပါဝင္မႈ မရွိေၾကာင္း၊ သူတို႔ရဲ႕ လုပ္ပိုင္ခြင့္က ကိုဖီအာနန္ ေကာ္မရွင္ အစီရင္ခံစာပါ အခ်က္ေတြကို အေကာင္အထည္ ေဖာ္ရာမွာ အႀကံေပးဖို႔ပဲ ျဖစ္ေၾကာင္းလည္း မစၥတာ ေမယာက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရစ်ချတ်ဆန်ရဲ့ စွပ်စွဲမှုတွေ တရားမဝင်ဘူးလို့ တောင်အာဖရိက ကာကွယ်ရေးဝန်ကြီးဟောင်း ပြော

အကြံပေးကော်မတီကနေ ရပ်စဲလိုက်တဲ့ မစ္စတာ ဘီလ် ရစ်ချတ်ဆန်ရဲ့ စွပ်စွဲမှုတွေဟာ တရားမဝင်ဘူးလို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီဝင် တစ်ဦးဖြစ်တဲ့ မစ္စတာ ရိုးလော့ဖ် ပီထရူးစ် မေယာက တုံ့ပြန်လိုက်ပါတယ်။

မစ္စတာ ရစ်ချတ်ဆန်ရဲ့ သဘောထား ထုတ်ပြန်မှုဟာ အနည်းငယ် အဆောတလျင် ဖြစ်တယ်၊ ကျွန်တော်တို့ ထုတ်တဲ့ ကြေညာချက်မှာ ပါတဲ့အတိုင်း သူ့ရဲ့ သဘောထားဟာ တရားဝင်မှု မရှိဘူးလို့ တောင်အာဖရိက ကာကွယ်ရေးဝန်ကြီးဟောင်း မစ္စတာ မေယာက VOA သတင်းဌာနကို ပြောထားပါတယ်။

တာဝန်က မရပ်စဲမီ နှစ်ရက်ကတည်းက မစ္စတာ ရစ်ချတ်ဆန်ဟာ အစီအစဉ် တော်တော် များများမှာ ပူးပေါင်း ပါဝင်မှု မရှိကြောင်း၊ သူတို့ရဲ့ လုပ်ပိုင်ခွင့်က ကိုဖီအာနန် ကော်မရှင် အစီရင်ခံစာပါ အချက်တွေကို အကောင်အထည် ဖော်ရာမှာ အကြံပေးဖို့ပဲ ဖြစ်ကြောင်းလည်း မစ္စတာ မေယာက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)