ကမ္း႐ိုးတန္း အျမန္ေရယာဥ္ေပၚက ခရီးသည္ ႏွစ္ဦးျပဳတ္က်၊ တစ္ဦး ေပ်ာက္ဆံုး

0
2352

ဧရာဝတီတိုင္း၊ ဟိုင္းႀကီးကြ်န္းၿမိဳ႕၊ စံျပဆိပ္ကမ္းနဲ႔ ျမတ္သစၥာ ဆိပ္ကမ္းၾကားမွာ ဒီေန႔ မနက္ပိုင္းက ပုသိမ္သူ (၈) ကမ္း႐ိုးတန္း အျမန္ေရယာဥ္ ေမာင္းႏွင္စဥ္ ခရီးသည္ႏွစ္ဦး ျပဳတ္က်က်န္ခဲ့ပါတယ္။

ျပဳတ္က်သူ ႏွစ္ဦးက ရွမ္းျပည္နယ္ ေျမာက္ပိုင္း ဟိုပုန္းရွိ တပ္မေတာ္ ကြန္ပ်ဴတာႏွင့္ နည္းပညာသိပၸံ သင္တန္းေက်ာင္းက ဒုတိယႏွစ္ ေက်ာင္းသား ေမာင္ပိုင္မ်ိဳးေဝ နဲ႔ သန္လ်င္ ေရတပ္သေဘၤာက်င္း ဌာနခ်ဳပ္မွာ တာဝန္က်ေနတဲ့ တပ္ၾကပ္ႀကီး သက္ပိုင္စိုးတို႔ ျဖစ္ပါတယ္။ ေမာင္ပိုင္မ်ိဳးေဝကို ေရလုပ္သားေတြက ဆယ္ယူႏိုင္ခဲ့ေပမယ့္ တပ္ၾကပ္ႀကီး သက္ပိုင္စိုး ေပ်ာက္ဆံုးေနပါတယ္။

ပုသိမ္သူ (၈) အျမန္ေရယာဥ္ ဆိပ္ကမ္းက ျပန္လည္ ထြက္ခြာစဥ္ တပ္ၾကပ္ႀကီး သက္ပိုင္စိုးက ေရယာဥ္ပဲ့ပိုင္း ႀကိဳးခ်ည္တဲ့ ဗံုလံုတိုင္ေပၚထိုင္ၿပီး ေမာင္ပိုင္မ်ိဳးေဝက ေဘးမွာ ရပ္ၿပီး စကားေျပာစဥ္ ေရယာဥ္ေမာင္းတဲ့ အရွိန္နဲ႔ ႏွစ္ဦးစလံုး ေရထဲ ျပဳတ္က်ခဲ့တာ ျဖစ္ပါတယ္။ တပ္ၾကပ္ႀကီး သက္ပိုင္စိုး ေပ်ာက္ဆံုးေနတဲ့ကိစၥနဲ႔ ပတ္သက္ၿပီး ဟိုင္းႀကီးကြၽန္းၿမိဳ႕၊ နယ္ေျမရဲစခန္းက လူေပ်ာက္မႈနဲ႔ အမႈဖြင့္ထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကမ်းရိုးတန်း အမြန်ရေယာဉ်ပေါ်က ခရီးသည် နှစ်ဦးပြုတ်ကျ၊ တစ်ဦး ပျောက်ဆုံး

ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းမြို့၊ စံပြဆိပ်ကမ်းနဲ့ မြတ်သစ္စာ ဆိပ်ကမ်းကြားမှာ ဒီနေ့ မနက်ပိုင်းက ပုသိမ်သူ (၈) ကမ်းရိုးတန်း အမြန်ရေယာဉ် မောင်းနှင်စဉ် ခရီးသည်နှစ်ဦး ပြုတ်ကျကျန်ခဲ့ပါတယ်။

ပြုတ်ကျသူ နှစ်ဦးက ရှမ်းပြည်နယ် မြောက်ပိုင်း ဟိုပုန်းရှိ တပ်မတော် ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ သင်တန်းကျောင်းက ဒုတိယနှစ် ကျောင်းသား မောင်ပိုင်မျိုးဝေ နဲ့ သန်လျင် ရေတပ်သင်္ဘောကျင်း ဌာနချုပ်မှာ တာဝန်ကျနေတဲ့ တပ်ကြပ်ကြီး သက်ပိုင်စိုးတို့ ဖြစ်ပါတယ်။ မောင်ပိုင်မျိုးဝေကို ရေလုပ်သားတွေက ဆယ်ယူနိုင်ခဲ့ပေမယ့် တပ်ကြပ်ကြီး သက်ပိုင်စိုး ပျောက်ဆုံးနေပါတယ်။

ပုသိမ်သူ (၈) အမြန်ရေယာဉ် ဆိပ်ကမ်းက ပြန်လည် ထွက်ခွာစဉ် တပ်ကြပ်ကြီး သက်ပိုင်စိုးက ရေယာဉ်ပဲ့ပိုင်း ကြိုးချည်တဲ့ ဗုံလုံတိုင်ပေါ်ထိုင်ပြီး မောင်ပိုင်မျိုးဝေက ဘေးမှာ ရပ်ပြီး စကားပြောစဉ် ရေယာဉ်မောင်းတဲ့ အရှိန်နဲ့ နှစ်ဦးစလုံး ရေထဲ ပြုတ်ကျခဲ့တာ ဖြစ်ပါတယ်။ တပ်ကြပ်ကြီး သက်ပိုင်စိုး ပျောက်ဆုံးနေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဟိုင်းကြီးကျွန်းမြို့၊ နယ်မြေရဲစခန်းက လူပျောက်မှုနဲ့ အမှုဖွင့်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)